၂၉ မေ ၂၀၂၆ - ၀၆:၃၀
ဘူရှဲရ် ပြည်နယ်ရှိ ဂျမ်နှင့် ကန်ဂန်အနီးတွင် လေကြောင်းကာကွယ်ရေးစနစ်က ရန်ဘက်လေယာဉ်တစ်စင်းကို ပစ်ချ

မကြာသေးမီ နာရီပိုင်းအတွင်း ဘူရှဲရ်ပြည်နယ် ဂျမ်နှင့် ကန်ဂန်အနီးတွင် တပ်ဖြန့်ထားသော အီရန်နိုင်ငံ၏ ပေါင်းစည်းလေကြောင်းကာကွယ်ရေးစနစ်သည် ပင်လယ်ကွေ့ရေပြင်ပေါ်ရှိ ရန်ဘက်လေယာဉ်တစ်စင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Fars သတင်းဌာန၏ ကာကွယ်ရေးသတင်းထောက်၏ စုံစမ်းသိရှိချက်အရ၊ အဆိုပါ လေယာဉ်အပျက်အစီးများကို ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပါတယ်။

မှတ်သားဖွယ်ရာမှာ မေလ ၂၆ ရက်‌ ၂၀၂၆ခုနှစ်  အင်္ဂါနေ့တွင် အစ္စလာမ်တော်လှန်ရေးကာကွယ်ရေးတပ်ဖွဲ့ (IRGC) က ပင်လယ်ကွေ့အတွင်း MQ-9 ဒရုန်းတစ်စင်းကို တွေ့ရှိပြီး ပစ်ချခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ထို့အပြင် ထိုဒေသတွင် RQ-4 ဒရုန်းတစ်စင်းနှင့် ကျူးကျော်လာသော F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ခတ်ခြင်းဖြင့် ၎င်းတို့အား နိုင်ငံပိုင်လေပိုင်နက်မှ ထွက်ခွာထွက်ပြေးစေခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

မနေ့ကလည်း IRGC က အမေရိကန်၏ ဘန်ဒရ်အဘာစ် ဆိပ်ကမ်းအပေါ် ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် တိုက်ခိုက်မှု စတင်ရာ အခြေစိုက်စခန်းကို ဒေသတွင်း၌ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့  ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha