၁၀ ဒီဇင်ဘာ ၂၀၂၅ - ၁၅:၃၆
ပါလက်စတိုင်းအကျဉ်းသား အစ္စရေးဆေးရုံတွင် ရှဟီးဒ် ဖြစ်

အသက် ၂၁ နှစ်အရွယ် ပါလက်စတိုင်းအကျဉ်းသား အဗ်ဒိုရ်ရဲဟ်မာန် အလ်စဗါသင်းန် သည် အစ္စရေးဆေးရုံတွင် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘက်သလီဟမ်မြို့ အနောက်ဘက် ဟူဆန်ရွာမှ အသက် ၂၁ နှစ်အရွယ် ပါလက်စတိုင်းအကျဉ်းသား အဗ်ဒိုရ် ရဲဟ်မာန်  စိုဖီယာန် မိုဟမ္မဒ် အလ်စဗါသင်းန် သည် ယနေ့ ဗုဒ္ဓဟူးနေ့တွင် အစ္စရေးအစိုးရ၏ ရှအာရီ သစီဒက်  ဆေးရုံတွင် ရှဟာဒသ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Al-Ghad Network ၏ အဆိုအရ ပါလက်စတိုင်း အရပ်ဘက်ရေးရာ ညွှန်ကြားရေးမှူးရုံးသည် အလ်စဗါသင်းန် ၏ ရှဟီးဒ် (ခ) အာဇာနည် အဖြစ် ကွယ်လွန်သွားကြောင်း “အကျဉ်းသားများနှင့် လွတ်မြောက်သူများဌာန” နှင့် “ပါလက်စတိုင်း အကျဉ်းသားများကလပ်” သို့ ကြေညာခဲ့ပါတယ်။

အလ်စဗါသင်းန် သည် ၂၀၂၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ မှစ၍ အစ္စရေးထောင်များတွင် ရှိနေခဲ့သည်။ သူ၏ ရုံးတင် စစ်ဆေး မှုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တွင် ပြုလုပ်ခဲ့ပြီး ရုံးချိန်းတွင် တက်ရောက်ခဲ့သော သူ၏ မိသား စုက သူ့တွင် ရောဂါ သို့မဟုတ် အန္တရာယ်ရှိသော အခြေအနေ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း အလေး ပေးပြော ကြားခဲ့ပါတယ်။

အလ်စဗါသင်းန် ကွယ်လွန်ခြင်းနှင့်အတူ ၊ ဥပဒေအဖွဲ့အစည်းများက လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲစတင်ကတည်းက ပါလက်စတိုင်းလှုပ်ရှားမှု၏ အာဇာနည်အရေအတွက်သည် ၁၀၀ ကျော်သွားပြီဟု ကြေညာခဲ့သော်လည်း ဤ ကိန်းဂဏန်း သည် အပြီးသတ်မဟုတ်ကြောင်း သိရပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်တွင် အစ္စရေးအခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များက ၂၀၂၃ ခုနှစ် အောက်တို ဘာလတွင် ဂါဇာစစ်ပွဲစတင်ချိန်မှစ၍ အစ္စရေးထိန်းသိမ်းရေးစခန်းများတွင် ပါလက်စတိုင်းလူမျိုး ၉၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းပို့ခဲ့ပါတယ်။ အဖွဲ့အစည်းက ၎င်းတို့သည် ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆေးဘက်ဆိုင်ရာ လျစ်လျူရှုမှုများကို ခံခဲ့ရကြောင်း အလေးပေးပြောကြားခဲ့ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု တစ်ခုပြုလုပ်ရန် တောင်းဆိုခဲ့ပါတယ်။

“ထိန်းသိမ်းရေးစခန်းများတွင် ပါလက်စတိုင်းလူမျိုးများအပေါ် သေဒဏ်ချမှတ်ခြင်း” ခေါင်းစဉ်ဖြင့် အစီရင်ခံစာ တစ်စောင်တွင် အဖွဲ့အစည်းက လူ ၄၆ ဦးသည် အစ္စရေးတရားဝင်ထောင်များတွင် သေဆုံးခဲ့ပြီး အခြား ၅၂ ဦးသည် ဂါဇာဒေသခံများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဖွဲ့အစည်းက သေဆုံးသွားသူများ ၏ အရေအတွက်ကို “မကြုံစဖူး” အဖြစ် ဖော်ပြခဲ့ပြီး တကယ့်အရေအတွက်မှာ ပိုမိုမြင့်မားနိုင်သည်ဟု ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် Walla သတင်းဝက်ဘ်ဆိုက်သည် Itamar Ben Ghafir ပြည်တွင်း လုံခြုံရေး ဝန်ကြီးအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း လုံခြုံရေးအကျဉ်းသား ၁၁၀ သေဆုံး ခဲ့ကြောင်း ပြသသည့် အချက်အလက်များကို ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အများစုမှာ အကျဉ်းထောင်များအတွင်း မဟုတ်ဘဲ ဆေးရုံများတွင် ကုသမှုခံယူပြီးနောက် သေဆုံးခဲ့ကြောင်း ပြသထားပါတယ်။

အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလ အထိ အစ္စရေးထောင်များတွင် အကျဉ်းသားနှင့် လုံခြုံရေး ထိန်းသိမ်းခံရသူ ၁၁၀၀၀ ခန့်ကို ထိန်းသိမ်းထားပြီး ၎င်းတို့အများစုမှာ စစ်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

ခန့်မှန်းချက်များအရ အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၁၀၀၀၀ ခန့်သည် အစ္စရေးအကျဉ်းထောင်များတွင် လုံခြုံရေး အကျဉ်းသားများအဖြစ် ထိန်းသိမ်းခံထားရပါတယ်။ "တရားမဝင်တိုက်ခိုက်ရေးသမားများ" အဖြစ် ဖမ်းဆီးခံရသူအရေအတွက်သည်လည်း ၂၄၅၄ ဦးအထိ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဤကိန်းဂဏန်းတွင် အစ္စရေး စစ်စခန်းများရှိ ဂါဇာအကျဉ်းသားအားလုံး မပါဝင်သေကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha