၇ အောက်တိုဘာ ၂၀၂၆ - ၂၁:၁၂
အာယာသွလ္လာဟ်  အလီ ခါမေနာအီ ၏ အာဇာနည်ဖြစ်မှုသည် ဇီယွန်ဝါဒီ အာဏာရှင်ဝါဒကို ဆန့်ကျင်ရာတွင် ကြီးမားသော သင်္ကေတအဖြစ် ကျန်ရှိနေမည်

ပါလက်စတိုင်း အစ္စလာမ်မစ် ဂျေဟာဒ် လှုပ်ရှားမှု၏ အထွေထွေအတွင်းရေးမှူး ဇီယာဒ် အန်နခါလဟ် က အဆိုပါလှုပ်ရှားမှု တည်ထောင်ခြင်း ၃၉ နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် “အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး” ဖြစ်ရပ် သုံးနှစ်ပြည့်မြောက်သည့် အခါသမယတွင် ပြောကြားရာ၌ “အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး” သည် ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများကို သဘာဝကျကျ တုံ့ပြန်မှုတစ်ရပ် ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်လှုပ်ရှားမှု ၏ အထွေထွေအတွင်းရေးမှူး ဇီယာဒ် အန်နခါလဟ်  က လှုပ်ရှားမှုတည်ထောင်ခြင်း ၃၉ နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် “အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး”  ဖြစ်ရပ် သုံးနှစ်ပြည့်မြောက်သည့် အခါသမယတွင် “ကျွန်ုပ်တို့၏ လူမျိုး၏ ခုခံတော်လှန်မှုကို ဂုဏ်ပြုကြပြီး၊ ၎င်းတို့၏ ဆက်လက်ပေးဆပ်နေသော အနစ်နာခံမှုများကို ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။

“အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး”  သည် ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများကို သဘာဝကျကျ တုံ့ပြန်မှုတစ်ရပ် ဖြစ်ခဲ့သည်” ဟု ပြောကြားခဲ့ပါတယ်။

၎င်းက ခက်ခဲကြမ်းတမ်းသော အခြေအနေများကြားမှပင် ပါလက်စတိုင်းပြည်သူများသည် ခုခံတော်လှန်မှုကို ဆက်လက်လုပ်ဆောင်နေကြကြောင်း ပြောကြားခဲ့ပါတယ်။

 ပါလက်စတိုင်းပြည်သူများသည် သုံးနှစ်ကြာ အစ္စရေး၏ မရပ်မနား ကျူးကျော်တိုက်ခိုက်မှုများကို ခံစားနေရပြီး သေဆုံးသူ  ၈၀,၀၀၀ ကျော် ဖြင့် ကျူးကျော်စစ် ၏ စတုတ္ထနှစ်သို့ ဝင်ရောက်လာကြပြီဖြစ်ကြောင်း ဆိုပါတယ်။

အန်နခါလဟ် က ရန်သူသည် အရေးယူဆောင်ရွက်မှုများနှင့် ကြိုးပမ်းမှုများအားလုံးကို လျစ်လျူရှုပြီး ပါလက်စတိုင်းပြည်သူများအပေါ် ၎င်း၏ ကျူးကျော်တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာကို ထောက်ခံကူညီမှုအတွက် လက်ဘနွန်ပြည်သူများနှင့် ၎င်းတို့၏ ခုခံတော်လှန်ရေးက ဆက်လက်ပေးဆပ်နေသော အနစ်နာခံမှုများအပေါ် စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

၎င်းက ယီမင်နိုင်ငံ၏ ချစ်ခင်ရသော ပြည်သူများကိုလည်း နှုတ်ခွန်းဆက်ကြောင်း၊ ၎င်းတို့သည် ကျွန်ုပ်တို့နှင့်အတူ ဘေးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့ကြပြီး နောက်ဆုတ်ခြင်းမရှိခဲ့ကြောင်း၊ ၎င်းတို့၏ အာဇာနည်သူရဲကောင်းများကိုလည်း ဂုဏ်ပြုကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

အန်နခါလဟ် က ပါလက်စတိုင်းပြည်သူများသည် ဇီယွန်ဝါဒီ၊အမေရိကန် ကျူးကျော်တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ခိုင်မာစွာ ရပ်တည်နေပြီး ခုခံတော်လှန်မှုအပေါ် ဆက်လက်စွဲမြဲနေကြောင်း၊ ပါလက်စတိုင်းတွင် မိမိတို့၏ သမိုင်းဝင်အခွင့်အရေးများကို တောင်းဆိုနေကြကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ထပ်မံ၍  အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ* ၏ အာဇာနည်ဖြစ်မှုသည် ဇီယွန်ဝါဒီ အာဏာရှင်ဝါဒကို ဆန့်ကျင်ရာတွင် ကြီးမားသော သင်္ကေတတစ်ရပ်အဖြစ် ကျန်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဤစစ်ပွဲသည် ရန်သူ၊ ဇီယွန်ဝါဒီစီမံကိန်းနှင့် ၎င်း၏ မဟာမိတ်များကို ဆန့်ကျင်သည့် တစ်သားတည်းသော အွန်မ်မသ် (မွတ်စလင်လူထု) ၏ စစ်ပွဲဖြစ်ကြောင်း ဆိုပါတယ်။

ပါလက်စတိုင်းထောင်ပေါင်းများစွာသည် ခိုင်မာသော ဆုံးဖြတ်ချက်နှင့် သတ္တိတို့ဖြင့် ရန်သူကို ရင်ဆိုင်ခဲ့ကြပြီး၊ ၎င်းတို့အတွင်းတွင် မိမိတို့၏ မြေပေါ်တွင် သိမ်းပိုက်ထားသော ရန်သူကို ဆန့်ကျင်၍ တိုက်ပွဲဝင်ရန် တွန်းအားပေးသည့် ယဉ်ကျေးမှုတစ်ရပ် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

အန်နခါလဟ် က ပါလက်စတိုင်းပြည်သူများသည် ခုခံတော်လှန်မှုကို စွန့်လွှတ်ခဲ့ခြင်းမရှိသကဲ့သို့ နောင်တွင်လည်း စွန့်လွှတ်မည်မဟုတ်ကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်ခိုင်မာစွာဖြင့် မိမိတို့၏ မြေပေါ်တွင် ဆက်လက်ရပ်တည်နေကြကြောင်း ပြောကြားခဲ့ပါတယ်။

မိမိတို့အပေါ် အတင်းအကျပ် နှင်ထုတ်ရန် စီမံကိန်းများကို အကောင်အထည်ဖော်နေသော်လည်း ပါလက်စတိုင်းပြည်သူများသည် မိမိတို့၏ ကလေးများနှင့် တိုက်ပွဲဝင်သူများ၏ ခိုင်မာသော ဆုံးဖြတ်ချက်၊ စိတ်ဓာတ်တို့ဖြင့် မိမိတို့၏ မြေကို မိမိတို့၏ လူသတ်သမားများနှင့် ရာဇဝတ်သားများထံ လွှဲအပ်ရန် ငြင်းဆန်နေကြကြောင်း ဆိုပါတယ်။

ပါလက်စတိုင်း အစ္စလာမ်မစ် ဂျေဟာဒ် လှုပ်ရှားမှုသည် မိမိတို့အတွင်း၌သာမက မည်သည့်နေရာတွင်မဆို ရှိနေသော ခုခံတော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုနှင့် ပါလက်စတိုင်းလူမျိုးတို့၏ စည်းလုံးညီညွတ်မှုကို အလေးထားကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ထပ်မံ၍ ဇီယွန်ဝါဒီ စီမံကိန်းသည် ကျွန်ုပ်တို့၏မြေတွင် တည်ရှိနေသရွေ့ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ဂျေဟာဒ် နှင့် ခုခံတော်လှန်ရေးအပေါ် ကတိကဝတ်ကို ဆက်လက်စောင့်ထိန်းမည်ဟု ကျွန်ုပ်တို့၏ လူမျိုးကို ထပ်မံကတိပြုပါတယ်။

 ပါလက်စတိုင်းနှင့် ဒေသတွင်းရှိ ခုခံတော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုသည် စိန်ခေါ်မှုများအားလုံးကြားမှ ဆက်လက်တည်ရှိနေမည်” ဟု ပြောကြားခဲ့ပါတယ်။

၎င်းက ဤနှစ်သည် ဇီယွန်ဝါဒီ၏ ကျူးကျော်တိုက်ခိုက်မှုများနှင့် ပါလက်စတိုင်းအရေးကို ဖျက်ဆီးရန် ၎င်း၏ မဟာမိတ်များ၏ ကြိုးပမ်းမှုများကို ရင်ဆိုင်ရာတွင် မိမိတို့လူမျိုး၏ မယိမ်းမယိုင်ရပ်တည်မှုနှင့် ခုခံတော်လှန်မှု၏ နှစ်တစ်နှစ်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

ခုခံတော်လှန်ရေးအဖွဲ့များသည် အစီအစဉ်များစွာကို တင်ပြခဲ့ပြီး စစ်ပွဲရပ်တန့်ရန် ကြားဝင်ဖျန်ဖြေသူများနှင့် အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း သိမ်းပိုက်သူများသည် အနောက်ဘက်ကမ်းဒေသအပေါ် ၎င်းတို့၏ ကျူးကျော်တိုက်ခိုက်မှုကို ဆက်လက်ချဲ့ထွင်ခဲ့ကြောင်း ဆိုပါတယ်။

အန်နခါလဟ် က စစ်ပွဲရပ်တန့်ရန်နှင့် ခုခံတော်လှန်ရေးဘက်မှ ရန်သူ၏ အကျဉ်းသားများကို လွှတ်ပေးရန်အတွက် ကြိုးပမ်းမှုများ ဒါဇင်နှင့်ချီ ရှိခဲ့သော်လည်း သိမ်းပိုက်သူများသည် ဂါဇာပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ၎င်းတို့ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ ထိုလုပ်ရပ်များကို ဆက်လက်မြှင့်တင်နေကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ဂါဇာကို ထောက်ခံကူညီမှုမှ နောက်မဆုတ်ဘဲ ရန်သူနှင့် စစ်ပွဲဆင်နွှဲကာ အသက်ပေးအနစ်နာခံခဲ့ကြသော လက်ဘနွန်ရှိ မိမိတို့၏ ညီအစ်ကိုများ၏ အနစ်နာခံမှုများနှင့် ၎င်းတို့၏ ခုခံတော်လှန်မှုကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံးတွင် ၎င်းက “ပါလက်စတိုင်းမှ ကျွန်ုပ်တို့ကို နှင်ထုတ်ရန်နှင့် ကျွန်ုပ်တို့၏ လူမျိုးကို အိုးမဲ့အိမ်မဲ့ဖြစ်စေရန် ဖြစ်ပေါ်စေခဲ့သည့် အဖြစ်ဆိုးသည် ရန်သူက ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသတို့တွင် ထပ်မံကျူးလွန်ရန် ကြိုးပမ်းနေသော ရာဇဝတ်မှုတစ်ရပ် ဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha