အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews သတင်းဌာန ၏ အစီရင်ခံစာ အရ ကမ္ဘာ့လုံးဆိုင်ရာ ကွတ်ဒ်စ်နေ့ လမ်းလျှောက်ဆန္ဒပြပွဲကို မတ်လ ၁၃ ရက်နေ့ တွင် တီဟီရန် နှင့် အီရန် နိုင်ငံတော်တစ်ဝန်းတွင် ကျင်းပခဲ့ပါတယ်။
ယနေ့ လမ်းလျှောက်ဆန္ဒပြပွဲကို နိုင်ငံတစ်ဝန်းရှိ နေရာပေါင်း ၂၀၀၀ ကျော် တွင် ပြုလုပ်ခဲ့ပြီး မြို့များနှင့် ရွာများရှိ အဓိက ဗလီဝတ်ကျောင်းတော် များနှင့် ရင်ပြင်များမှ ပြည်သူများသည် ဂျူမ်အအ်နမာဇ် ဝတ်ပြု သည့် နေရာများသို့ လမ်းလျှောက်သွားကြခြင်းဖြစ်ပါတယ်။
ထို့အပြင် မြေအောက်ရထား ကုမ္ပဏီ၊ ဘတ်စ်ကားစနစ်အဖွဲ့နှင့် ဝန်ဆောင်မှုအဖွဲ့အစည်းများ သည် ပြည်သူများ အား ဝန်ဆောင်မှုများပေးခဲ့ကြပါတယ်။
ထို့အပြင် ဘာသာရေး အဖွဲ့အစည်းများ သည် လမ်းလျှောက်ဆန္ဒပြပွဲ လမ်းကြောင်းများတွင် ဘာသာရေး စခန်းများ တည်ထောင်ကာ ဘာသာရေး အစီအစဉ်များ များစွာ ပြုလုပ်ခဲ့ကြပါတယ်။
ကမ္ဘာ့လုံးဆိုင်ရာ ကွတ်ဒ်စ်နေ့ လမ်းလျှောက်ဆန္ဒပြပွဲ လမ်းကြောင်းများ
တီဟီရန်မြို့ရှိ ကွတ်ဒ်စ် နေ့ လမ်းလျှောက်ဆန္ဒပြပွဲကို မနက် ၁၀:၃၀ နာရီ တွင် လမ်းကြောင်း ၁၀ ခု မှ စတင်ကာ တီဟီရန် တက္ကသိုလ် သို့ သွားရောက်ခဲ့ကြပါတယ်။
ဤနှစ် ကွတ်ဒ်စ်နေ့ ကို အခြားနှစ်များ နှင့်မတူပဲ ကျင်းပခဲ့ပါတယ်။ အကြမ်းဖက် အမေရိကန် ၊ အကြမ်းဖက် အစ္စရေး နှင့် စစ်ဖြစ်နေသည့် ကြား ဆန္ဒပြနေသူများကြား ဗုံးကျဲနေသည့်ကြား အမျိုးသမီး တစ်ဦး ရှဟီးဒ် ဖြစ်ခဲ့သည့် ကြားမှာပင် မကြောက်ပင် သတ္တိရှိရှိ ဆန္ဒပြ ခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment