အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရရှိသော သတင်းများအရ အဆိုပါ ယာဉ်မတော်တဆမှုသည် ကရ်ဗလာမှ ပြန်လည်ထွက်ခွာလာစဉ် ဘဆ်ရာလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဗနီအာမိရ် ယာယီ တဲ (စတုဒိသာတဲ) ၏ မရ်စီယာဖတ်အဖွဲ့ဝင်အားလုံး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
ယင်းဖြစ်စဉ်သည် ဘာသာရေးအသိုင်းအဝိုင်းနှင့် အဇာဒါရီကျင်းပသူများအကြား အလွန်ဝမ်းနည်းကြေကွဲမှု ဖြစ်ပေါ်စေခဲ့ပြီး၊ ရှဟီးဒ်များအတွက် ဆုတောင်းမေတ္တာပို့သမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါတယ်။
အလ္လာဟ်အရှင်မြတ်က ရှဟီးဒ်များအားလုံးအပေါ် အဆုံးမဲ့ကရုဏာတော် ချီးမြှင့်တော်မူပြီး၊ ၎င်းတို့အား ဂျန္နသ်၏ အမြင့်ဆုံးအဆင့်များ ချီးမြှင့်တော်မူပါစေကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များအား စိတ်ရှည်သည်းခံနိုင်သော ခွန်အားကို ပေးသနားတော်မူပါစေကြောင်း ဆုတောင်းအပ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment