၁၇ ဇူလိုင် ၂၀၂၆ - ၂၃:၅၇
ဟရှ်ဒိုရှ်ရှအ်ဘီ က အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် အစီအစဥ်  အတွက် အထူး ဝန်ဆောင်မှု အစီအစဉ် ကို စတင်အကောင်အထည်ဖော်

အီရတ်နိုင်ငံ၏ ဟရှ်ဒိုရှ်ရှအ်ဘီ (Popular Mobilization Forces - PMF) အဖွဲ့အစည်းသည် ဟဇရသ် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် အစီအစဥ် အတွက် အထူး ဝန်ဆောင်မှုအစီ အစဉ်ကို ဟရှ်ဒိုရှ်ရှအ်ဘီ အဖွဲ့၏ စစ်ဌာနချုပ်အကြီးအကဲ အဗ်ဒူလ်အဇီးဇ် အလ်မိုဟမ်မာဒါဝီ ၏ ညွှန်ကြားချက်နှင့် ကရ်ဗလာပြည်နယ် အုပ်ချုပ်ရေးမှူး နှင့် ညှိနှိုင်းဆောင်ရွက်မှုအောက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရတ်နိုင်ငံ ၏ ဟရှ်ဒိုရှ်ရှအ်ဘီ အဖွဲ့အစည်းက ယနေ့ သောကြာနေ့တွင် အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် အစီအစဥ်  အတွက် အထူးဝန်ဆောင်မှုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အီရတ်သတင်းဌာန INA (واع) ၏ ဖော်ပြချက်အရ ၊ အဆိုပါအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဟရှ်ဒ် အယ်လ်ရှအ်ဘီသည် အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် အစီအစဥ်  အထူးဝန်ဆောင်မှုအစီအစဉ်ကို အဗ်ဒူလ်အဇီးဇ် အလ်မိုဟမ်မာဒါဝီ၏ ညွှန်ကြားချက်နှင့် ကာရ်ဗလာပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းမှုဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အရ အထူးစက်ယန္တရားများနှင့် နည်းပညာကျွမ်းကျင်အဖွဲ့များကို ကရ်ဗလာမြို့တော်၏ လမ်းကြောင်းအသီးသီးရှိ တာဝန်ထမ်းဆောင်မည့် နေရာများသို့ စေလွှတ်ထားပြီး လမ်းများရှင်းလင်းခြင်း၊ လမ်းများ အသင့်ပြင်ဆင်ခြင်း ၊ အများပြည်သူဝန်ဆောင်မှုဌာနများကို ထောက်ပံ့ကူညီခြင်းနှင့် အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် အစီအစဥ် လာရောက်မည့်သူ သန်းပေါင်းများစွာအတွက် လိုအပ်သော ဝန်ဆောင်မှု များ ပေးနိုင်ရန် အခြေအနေများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်မှာ၊ ယင်းဆောင်ရွက်မှုသည် အစိုးရဌာနများ၊ လုံခြုံရေး အဖွဲ့ အစည်းများ နှင့် ဝန်ဆောင်မှုဆိုင်ရာဌာနများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ပြည့်စုံသော ဝန်ဆောင်မှု အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ကရ်ဗလာပြည်နယ် အုပ်ချုပ်ရေးအဖွဲ့၏ ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန်နှင့် အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် အစီအစဥ်  ခရီးစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်စေရန် အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ရည်ရွယ်ထားကြောင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha