အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပရိသတ်ကြီးခင်ဗျာ ...
ယနေ့ ကမ္ဘာပေါ်မှာ အစ္စလာမ်ကို အများဆုံး ထိခိုက်နစ်နာစေတဲ့သူတွေက ကျွန်တော်တို့ရဲ့ ဘာသာ ရေးခေါင်း ဆောင် (မော်လဝီ) တွေပါပဲ။ သူတို့က မွတ်စလင်အွန်မသ် အပေါ် အလွန်ကြီးမားတဲ့ မတရားမှုကို ကျူးလွန်ခဲ့ ကြပြီး အဲဒီမတရားမှုကို စကားနဲ့တောင် အဆုံးမသတ်နိုင်ပါဘူး။ ဒီအတွက် အပြစ်ရှိသူတွေထဲမှာ ကျွန်တော်တို့ လူငယ်တွေလည်း ပါဝင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ သူတို့ပြောတာတွေကိုပဲ နားထောင်ခဲ့ကြတယ်။ ကိုယ်တိုင် သုတေသနမလုပ်ခဲ့ဘူး၊ စုံစမ်းမလေ့လာခဲ့ဘူး၊ လေ့လာဖတ်ရှုသင့်သလောက် မဖတ်ခဲ့ဘူး။ သူတို့ကို မျက်စိမှိတ် ယုံကြည်ပြီး သူတို့ရဲ့ တရားပွဲတွေ၊ ဟောပြောချက်တွေကို နားထောင်ခဲ့ကြတယ်။ သူတို့ပြောသမျှကိုလည်း ယုံကြည်ခဲ့ကြတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ကိုယ်တိုင် သုတေသနလုပ်ပြီး စုံစမ်းလေ့လာကြည့်တဲ့အခါမှာတော့ တကယ်ကို ရှက်စရာတွေပဲ တွေ့ရပါတယ်။ သူတို့ဟာ ဘယ်လောက်တောင် မတရားတဲ့သူတွေ ဖြစ်နေကြသလဲဆိုတာ သိလာ ရပါတယ်။
ဆိုလိုတာက စွန်နီနဲ့ ရှီအဟ် ကြားက အကြီးမားဆုံး ကွဲပြားမှုကို သူတို့ပဲ မွတ်စလင်မ် အသိုင်းအဝိုင်းအတွင်း ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံအကြောင်းကို ဥပမာပေးရရင် လူငယ်မျိုးဆက်ကို သူတို့ ဘယ်လောက် မရိုးသားဘဲ လှည့်စားခဲ့ သလဲဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ကို စွန်နီပညာရှင်တွေက အီရန်ဟာ အလွန်ဆိုးတဲ့နိုင်ငံ၊ အဲဒီမှာ စွန်နီတွေ အ သက်ရှင်ရတာတောင် မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြတယ်။ ဂျူးတွေရဲ့ ဝတ်ပြုကျောင်းတွေတော့ ရှိပေမယ့် စွန်နီ တွေ ရဲ့ ဗလီတွေ မရှိဘူးလို့လည်း ပြောခဲ့ကြတယ်။
ဒါပေမယ့် ကျွန်တော် ကိုယ်တိုင် လေ့လာစုံစမ်းပြီး အီရန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖတ်ရှုခဲ့တဲ့အခါမှာတော့ အီရန်မှာ ဥပဒေအရ "ဆွန်နီဗလီ"၊ "ရှီးယားဗလီ" ဆိုပြီး သီးခြား မရှိဘူးလို့ သိခဲ့ရပါတယ်။ ဗလီဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရက ချမှတ်ထားတဲ့ စနစ်အရ စွန်နီလူဦးရေ များတဲ့ဒေသမှာရှိတဲ့ ဗလီရဲ့ ရှေ့ဆောင် က စွန်နီ ဖြစ်မယ်။ ရှီအဟ် လူဦးရေ များတဲ့ဒေသမှာရှိတဲ့ ဗလီရဲ့ ရှေ့ဆောင် က ရှီအဟ် ဖြစ်မယ်။ စွန်နီ တွေလည်း ရှီအဟ် ရှေ့ဆောင် ရဲ့ နောက်မှာ ဝတ်ပြုကြတယ်၊ ရှီအဟ် တွေလည်း စွန်နီ ရှေ့ဆောင် ရဲ့ နောက်မှာ ဝတ်ပြုကြတယ်။ အီရန်မှာ ဒီလို ပြဿနာမျိုး မရှိဘူးလို့ ကျွန်တော် သိခဲ့ရပါတယ်။
ဒါပေမယ့် အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေက စွန်နီ နဲ့ ရှီအဟ် ကြားမှာ အမုန်းတရား တွေကို အလွန်အကျွံ ဖြန့်ခဲ့ကြတယ်၊ ပိုပြီး ကြီးထွားလာအောင် လုပ်ခဲ့ကြတယ်။
ကေယာမသ် (တရားစီရင်မယ့်နေ့) မှာ သူတို့လည်း အဖြေရှင်းရမှာ ဖြစ်သလို ကျွန်တော်တို့လည်း အဖြေရှင်း ရပါလိမ့်မယ်။
ဒါကြောင့် ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမအားလုံးကို ပြောချင်တာက ဘယ်သူ့စကားကိုမှ မျက်စိမှိတ် မယုံကြပါနဲ့။ ကိုယ်တိုင် ဖတ်ပါ၊ သုတေသနလုပ်ပါ၊ စုံစမ်းလေ့လာပါ။ မဟုတ်ရင် သူတို့စကားတွေကို ယုံကြည်နေရင်းနဲ့ ကိုယ့်ရဲ့ ယုံကြည်ခြင်း (အီမန်) ကိုတောင် ဆုံးရှုံးသွားနိုင်ပါတယ်။
ကျွန်တော့်အမြင်အရ ဘာသာရေးခေါင်းဆောင် အများစုမှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ အဲဒါက အစ္စလာမ်ကို အသုံးချပြီး ငွေရှာဖို့၊ အလှူငွေတွေ စားဖို့၊ ပစ္စည်းဥစ္စာ ရယူဖို့ပဲ ဖြစ်တယ်။ ဒါအပြင် သူတို့မှာ ဘာသာတရားနဲ့ ယုံကြည်မှုအပေါ် စိတ်ရင်းမှန်နဲ့ ဆက်နွှယ်မှု မရှိဘူးလို့ ကျွန်တော် ယုံကြည်တယ်။ သူတို့အတွက် ဘာသာ တရားဆိုတာ ငွေရှာဖို့ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။
ဒါကြောင့် ညီအစ်ကို မောင်နှမအားလုံးအနေနဲ့ ကိုယ်တိုင် ဖတ်ရှုလေ့လာပြီး သုတေသနလုပ်ကြပါ။ အဲဒီနောက်မှ ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ကြပါ။ မဟုတ်ရင် သူတို့ရဲ့ စကားတွေကို ယုံကြည်နေရင်းနဲ့ ကိုယ့်ရဲ့ အီမန်ကိုတောင် ဆုံးရှုံးသွားနိုင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment