၁၄ ဇူလိုင် ၂၀၂၆ - ၁၂:၃၈
အီရန်နှင့် ဆော်ဒီအာရေဗျတို့ ဟဂ်ျနှင့် အွမ်ရဟ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူ

အီရန်ဘုရားဖူးများအတွက် အွမ်ရဟ်ဗီဇာများကို အချိန်မီ ထုတ်ပေးနိုင်ရေးနှင့် ဟဂ်ျ၊ အွမ်ရဟ် ဝန်ဆောင်မှုများ၏ အရည်အသွေးကို မြှင့်တင်နိုင်ရေးအတွက် တဟီရန်နှင့် ရီယာဒ်တို့သည် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ် ဆောင်ရန် သဘောတူညီခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ်သတင်းဌာန၏ ဖော်ပြချက်အရ အီရန် ဟဂ်ျ နှင့် ဇေယာရသ် ရေးရာအဖွဲ့အစည်း၏ အကြီးအကဲနှင့် တီဟီရန်ရှိ ဆော်ဒီအာရေဗျသံအမတ်တို့သည် ဟဂ်ျနှင့် အွမ်ရဟ်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဘုရားဖူးများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးနှင့် အွမ်ရဟ်ဗီဇာများကို အချိန်မီ ထုတ်ပေးနိုင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

အသေးစိတ်အရ အီရန် ဟဂ်ျနှင့် ဇေယာရသ် ရေးရာအဖွဲ့အစည်း၏ အကြီးအကဲ အလီ ရေဇာ ရရှီဒီယန် သည် တီဟီရန် ရှိ ဆော်ဒီအာရေဗျသံအမတ် အဗ္ဒုလ္လာဟ် ဘင် ဆအူဒ် အလ်အန်ဇီ နှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုအတွင်း ရရှီဒီယန်က ယခုနှစ် ဟဂ်ျအစီအစဉ်ကို အောင်မြင်စွာ စီမံဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် အီရန်ဇေယာရသ် ပြုသူ များအား အဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးတွင် ဆော်ဒီ တာဝန်ရှိ သူများ နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

နှစ်ဖက်စလုံးသည် ဟဂ်ျနှင့် အွမ်ရဟ်အစီအစဉ်များနှင့် သက်ဆိုင်သော အရေးကြီးကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ဇေယာရသ် ပြုသူ များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် လိုအပ်သော ဆက်သွယ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်သွားရန် အလေးထားပြောကြားခဲ့ကြပါတယ်။

ထို့ပြင် တွေ့ဆုံမှုအတွင်း အီရန် ဇေယာရသ် ပြုသူ များအတွက် အွမ်ရဟ်ဗီဇာများကို အချိန်မီ ထုတ်ပေးရန် အထူး အလေးထား ဆွေးနွေးခဲ့ကြပြီး ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် အွမ်ရဟ်ခရီးစဉ် စီစဉ်ဆောင်ရွက်သည့် ကုမ္ပဏီများ သည် သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ဇေယာရသ် ပြုသူ များကို မြင့်မြတ်သော နေရာများသို့ စေလွှတ် နိုင်မည်ဖြစ် ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha