အီရန်၊ဆော်ဒီ
-
အီရန်နှင့် ဆော်ဒီအာရေဗျတို့ ဟဂ်ျနှင့် အွမ်ရဟ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူ
အီရန်ဘုရားဖူးများအတွက် အွမ်ရဟ်ဗီဇာများကို အချိန်မီ ထုတ်ပေးနိုင်ရေးနှင့် ဟဂ်ျ၊ အွမ်ရဟ် ဝန်ဆောင်မှုများ၏ အရည်အသွေးကို မြှင့်တင်နိုင်ရေးအတွက် တဟီရန်နှင့် ရီယာဒ်တို့သည် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ် ဆောင်ရန် သဘောတူညီခဲ့ကြပါတယ်။
-
ပင်လယ်ကွေ့နိုင်ငံများနှင့် အီရန်အကြား ဆက်ဆံရေးပြန်လည်ထူထောင်ရန် ရီယာ့ဒ်တွင် ဆွေးနွေးပွဲများ ကျင်းပရန် မျှော်လင့်
သံတမန်သတင်းရင်းမြစ်များ၏ အဆိုအရ ဆော်ဒီအာရေဗျတွင် ကျင်းပရန် မျှော်လင့်ထားသည့် အစည်းအဝေး သည် အီရန်၊ ပါရှန်းပင်လယ်ကွေ့နိုင်ငံများနှင့် အခြားဒေသတွင်းပါတီများအကြား ဆက်ဆံရေးတင်းမာမှုများကို လျှော့ချရန်နှင့် ယုံကြည်မှုလေထုကို ပြန်လည်ထူထောင်ရန် ရည်ရွယ်ပါတယ်။
-
အီရန် နှင့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးများ တယ်လီဖုန်းဖြင့် ဆွေးနွေး ၊ ဒေသတွင်းအခြေအနေ ဆွေးနွေး
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် ဆော်ဒီ နိုင်ငံခြား ရေးဝန်ကြီး ဖိုင်ဇလ် ဘင်န် ဖရ်ဟာန် တို့သည် လက်ရှိသံတမန်လုပ်ငန်းစဉ်နှင့် ဒေသတွင်း အခြေ အနေများ ကို ဆွေးနွေးခဲ့ကြပါတယ်။
-
အီရန်နှင့် စစ်ပွဲဖြစ်ပွားခဲ့ပါက ဆော်ဒီအာရေဗျ အခြေခံ အဆောက်အအုံများ ဖျက်ဆီးခံရနိုင်သည်ဟု တူရကီ အလ်ဖိုင်ဇဲလ် ၏ ကြီးမားသော ဝန်ခံချက်
ဆော်ဒီသံအမတ်ဟောင်း တူရကီအလ်ဖိုင်ဇဲလ် က ရီယာ့ဒ်က အီရန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့ပါက ဆော်ဒီရေနံစက်ရုံများနှင့် ရေစက်ရုံများ ဖျက်ဆီးခံရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
-
မက္ကဟ် ရွှေမြို့တော် ၊ မဒီနာ ရွှေမြို့တော် ၏ ဇေယာရသ် ပြုသူများ ။ ။ Photos
အဗ်နာ ။ ။ မေလ၇ရက်ေ့ ၂၀၂၆ခုနှစ် ကြာသပတေးနေ့တွင် အီရန်မှ ဟဂျ်ကြူမည့်သူ ဟာဂျီ လောင်း အများ အပြားသည် ဗျာဒိတ်ပြည်(ခ) မဒီနာ ရွှေမြို့တော် သို့ မိမိတို့၏ တို့၏ခရီးကို စတင်ခဲ့ကြပါတယ်။ ဟာဂျီလောင်း အများအပြားသည် တီဟီရန်မြို့၏ အေမာမ်ခိုမေနီ (ရ.ဟ) လေဆိပ်မှ မဒီနာ နှင့် ဂျက်ဒါသို့ ဦးတည် သွားခဲ့ကြ ပါတယ်။
-
အီရန် နှင့် ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးများ အကြား တယ်လီဖုန်းဆွေးနွေးပွဲပြုလုပ်
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဇလ် ဘင်န် ဖရ်ဟာန် အကြား တယ်လီဖုန်းဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပြီး ဝန်ကြီး နှစ်ဦး သည် ဒေသတွင်းနောက်ဆုံးအခြေအနေနှင့် လက်ရှိသံတမန်လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြ ပါတယ်။
-
ငွေကြေး အကူအညီများပေးမှု ဖြင့် ရန်သူ၏ မိတ်ဆွေဖြစ်မှု ကို မရနိုင်
အစ္စလာမ်အတွေးအခေါ်နှင့် နိုင်ငံရေးအမြင်များတွင် မကြာခဏ ထောက်ပြလေ့ရှိသည့် အချက်တစ်ခုမှာ ရန်သူများနှင့် ဆက်ဆံရာတွင် အလွန်ယုံကြည်လွန်းခြင်းသည် အန္တရာယ်ဖြစ်ပါတယ်။ ရှဟီးဒ် ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ကလည်း ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် မိန့်ကြားခဲ့သည့် မိန့်ခွန်းတစ်ခုတွင် ဤအချက်ကို အထူးအလေးထား ရှင်းလင်း မိန့်ကြားခဲ့ပါတယ်။
-
ဆော်ဒီဘုရင် နှင့် အိမ်ရှေ့မင်းသားတို့သည် အစ္စလာမ်မစ်တော်လှန်ရေးအောင်ပွဲ နှစ်ပတ်လည်နေ့တွင် အီရန်နိုင်ငံ အား ဂုဏ်ပြုစကားပြောကြား
ဆော်ဒီ ဘုရင် စလ်မာန် ဘင်န် အဗ်ဒိုလ်အဇီးဇ် အာလေ စအူဒ် နှင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် တို့သည် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပွဲ နှစ်ပတ်လည်နေ့တွင် အီရန်အစိုးရနှင့် ပြည်သူများအား ဂုဏ်ပြုစကား ပြောကြားခဲ့ကြပါတယ်။
-
အီရန် နှင့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးများ တယ်လီဖုန်းဆွေးနွေး
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ယနေ့ မွန်းလွဲပိုင်းတွင် ဆော်ဒီ နိုင်ငံခြား ရေးဝန်ကြီး ဖိုင်ဇလ် ဘင်န် ဖရ်ဟာန် အာလေ့ စအူးဒ် နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး နောက်ဆုံး ဒေသဆိုင်ရာအခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။
-
Axios က ဆော်ဒီအာရေဗျနှင့် အမေရိကန်အကြား လျှို့ဝှက်ဆွေးနွေးပွဲများ ပြုလုပ်နေကြောင်း အခိုင် အမာပြော ဆို
အက်စီယိုစ် ( Axios ) သတင်းဝဘ်ဆိုက် ၏ အဆိုအရ ဆော်ဒီအာရေဗျသည် ယခုအခါ ဆန့်ကျင်ဘက် စိုးရိမ်မှု နှစ်ရပ် အကြား ရပ်တည်နေရကြောင်း တစ်ဖက်တွင် ဒေသတွင်း အကျယ်ပြန့် စစ်ရေးပဋိပက္ခတစ်ရပ် ဖြစ်ပွား လာပါက ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို စိုးရိမ်ရပြီး၊ အခြားတစ်ဖက်တွင်တော့ ရက်သတ္တပတ်များကြာ ခြိမ်းခြောက်နေပြီး နောက် အရေးမယူနိုင်ပါက တီဟရန်အစိုးရကို « ပိုမိုရဲရင့်လာစေမည် » ဟု သုံးသပ်ကြောင်း ဖြစ်ပါတယ်။
-
ဘင်န် စလ်မာန် - အီရန်ကို တိုက်ခိုက်ရန် ကျွန်ုပ်တို့၏ လေပိုင်နက် သို့မဟုတ် မြေကို အသုံးပြုခွင့်ပြုမည်မဟုတ်
ဆော်ဒီသတင်းဌာနက ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် စကားပြောဆိုရာတွင် ကွဲပြားမှုများကို ဆွေးနွေး ခြင်း ဖြင့် ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုတိုင်းကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။