အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှဟီးဒ် ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မိန့်ကြားချက်အရ လူအချို့သည် ငွေကြေးများ ပေးခြင်း၊ အကူအညီများ ပေးခြင်းတို့ဖြင့် အစ္စလာမ်၏ ရန်သူများနှင့် နီးစပ်မှုကို ရရှိနိုင်မည်ဟု ထင်မြင်ကြကြောင်း သို့သော် ယင်းကဲ့သို့သော မိတ်ဆွေဖြစ်မှုသည် အမှန်တကယ် မရှိကြောင်း ရန်သူများသည် မိမိတို့အကျိုးအတွက်သာ ဆက်ဆံကြပြီး အကျိုးရှိနေသရွေ့သာ ဆက်ဆံကြမည် ဖြစ်ကြောင်း သိရပါတယ်။
ရှဟီးဒ် ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ က ထိုအခြေအနေကို “နို့ညှစ်ခံရသော နွား” နှင့် နှိုင်းယှဉ်၍ မိန့်ကြားခဲ့ပါတယ်။ နွားတွင် နို့ရှိနေသရွေ့ လူများက နို့ကို ဆက်လက်ညှစ်ယူကြသော်လည်း နို့မရှိတော့ သည့်အခါတွင် ထိုနွားကို အသုံးမရှိတော့၍ သတ်ပစ်ကြပါတယ်။ ထိုသို့ပင် အချို့သော အင်အားကြီးနိုင်ငံများသည် အခြားနိုင်ငံများကို မိမိတို့အကျိုးအတွက် အသုံးချကြပြီး အကျိုးမရှိတော့သည့်အခါ လုံးဝလျစ်လျူရှုကြောင်းကို ရှဟီးဒ် ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ က သတိပေးမိန့်ကြားခဲ့ပါတယ်။
ထို့ကြောင့် အစ္စလာမ်လောကရှိ နိုင်ငံများနှင့် လူမျိုးများအနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် အကျိုးစီးပွားကို ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ ပြင်ပအင်အားစုများ၏ အကူအညီပေါ်သာ မူတည်၍ မိတ်ဆွေဖြစ် မှုကို မျှော်လင့်မနေသင့်ကြောင်းကိုလည်း ရှဟီးဒ် ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ က မိန့်ခွန်းတွင် အလေးပေး မိန့်ကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment