အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဇလ် ဘင်န် ဖရ်ဟာန် အကြား တယ်လီဖုန်း ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပြီး ဝန်ကြီး နှစ်ဦးသည် ဒေသတွင်းနောက်ဆုံးအခြေအနေနှင့် လက်ရှိ သံတမန် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲအတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီးသည် လက်ရှိဒေသတွင်းအခြေအနေ၊ အထူးသဖြင့် အပစ် အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့် တိုးတက်မှုဆိုင်ရာ ရှုထောင့်အမျိုးမျိုးကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဤအခါသမယတွင် စစ်ပွဲကိုအဆုံးသတ်ရန်နှင့် တင်းမာမှုလျှော့ချရန် လက်ရှိသံတမန်ရေးကြိုးပမ်းမှုများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment