၁၂ မေ ၂၀၂၆ - ၂၃:၅၇
အီရန်နှင့် စစ်ပွဲဖြစ်ပွားခဲ့ပါက ဆော်ဒီအာရေဗျ အခြေခံ အဆောက်အအုံများ ဖျက်ဆီးခံရနိုင်သည်ဟု တူရကီ အလ်ဖိုင်ဇဲလ် ၏ ကြီးမားသော ဝန်ခံချက်

ဆော်ဒီသံအမတ်ဟောင်း တူရကီအလ်ဖိုင်ဇဲလ် က ရီယာ့ဒ်က အီရန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့ပါက ဆော်ဒီရေနံစက်ရုံများနှင့် ရေစက်ရုံများ ဖျက်ဆီးခံရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဆော်ဒီသံအမတ်ဟောင်း တူရကီ အလ်ဖိုင်ဇဲလ် က အရှ်ရှရ်က်ကိုဝဆက်သွ် တွင် ထုတ်ဝေသော ဆောင်းပါးတစ်ပုဒ်တွင် ဆော်ဒီအာရေဗျ သည် ဒေသတွင်းကို ကြီးမားသော စစ်ပွဲမှ ကယ်တင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆော်ဒီအာရေဗျသည် စစ်ပွဲကို ကာကွယ်ရန် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ပြီး ပဋိပက္ခကို အဆုံးသတ်ရန်နှင့် ဒေသတွင်း နောက်ထပ်တင်းမာမှုများမှ ကယ်တင်နိုင်ရန် သံတမန်ရေးဆိုင်ရာ ဖြေရှင်းချက် တစ်ခုကို ရှာဖွေရန် စဉ်ဆက်မပြတ် ခြေလှမ်းများ ဆက်လက်လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြား ခဲ့ပါတယ်။

အီရန် နှင့် ဆော်ဒီအာရေဗျအကြား စစ်ပွဲတစ်ခု ဖြစ်ပေါ်စေရန် ဇီယွန်အစိုးရ၏ အစီအစဉ် အောင်မြင်ပါက ဒေသတစ်ခုလုံးသည် ဖျက်ဆီးမှုနှင့် ပျက်စီးဆုံးရှုံးမှုများဖြင့် ဖုံးလွှမ်းသွားမည်ဖြစ်ပြီး ကျွန်ုပ်တို့ အခန်း ကဏ္ဍမ ရှိသော စစ်ပွဲတွင် လူထောင်ပေါင်းများစွာ သေဆုံးမည်ဖြစ်ပြီး တဲလ်အဗစ်ဗ် သည် ဒေသတွင်းအပေါ် ၎င်း၏ ဆန္ဒကို ပြဋ္ဌာန်းနိုင်မည်ဟု တူရကီအလ်ဖိုင်ဇဲလ် က ပြောကြားခဲ့ပါတယ်။

တူရကီအလ်ဖိုင်ဇဲလ် က မိမိ၏ ဆောင်းပါးမှာ ဆော်ဒီအာရေဗျက အီရန်၏ တိုက်ခိုက်မှုများ ကို အမေရိကန်  ၊ ဇီယွန်  နည်းလမ်းနှင့် တုံ့ပြန်ခဲ့မယ်ဆိုရင် စစ်ပွဲဟာ ပါရှန်းပင်လယ်ကွေ့ကမ်းရိုးတန်းမှာရှိသည့် ဆော်ဒီအာရေဗျ၏ ရေနံစက်ရုံတွေ၊ ရေငန်သန့်စင်စက်ရုံတွေနဲ့ နိုင်ငံအတွင်းပိုင်းက အရေးကြီးတဲ့ဗဟိုချက်တွေကိုတောင် ဖျက်ဆီး ပစ်နိုင်တယ်လို့ ရေးသားခဲ့ပါတယ်။

တူရကီအလ်ဖိုင်ဇဲလ် က ဆော်ဒီအာရေဗျဟာ စစ်ပွဲရဲ့မီးတောက်တွေကို ငြိမ်းသတ်ဖို့နဲ့ တင်းမာမှုတွေ မြင့်တက် လာတာ ကို ကာကွယ်ဖို့ ပါကစ္စတန်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha