အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရှီအဟ် အစ္စလာမ်၏ အကျော်ကြားဆုံး မရ်ဂျအ်များ မှ သုံးပါး ဖြစ်သော ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၊ ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး တို့၏ ဖသ်ဝါနှင့် ဘာသာရေးအမြင်များအရ "ချာဒရ်" သည် အမျိုးသမီးများအတွက် အကောင်းဆုံး ဟေဂျာဗ် ဖြစ်ကြောင်း မိန့်ကြားထားပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ က ချာဒရ် သည် အကောင်းဆုံး ဟေဂျာဗ်ဖြစ် သော်လည်း၊ ရှရီအဟ်သတ်မှတ်ချက်များနှင့် ကိုက်ညီသော အခြားဝတ်စုံများဖြင့်လည်း ဟေဂျာဗ်ကို ပြည့်စုံစွာ ဆောင်ရွက်နိုင်ကြောင်း မိန့်ကြားထားပါတယ်။
ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ကလည်း ချာဒရ် သည် အကောင်း ဆုံး ဟီဂျာဗ်ဖြစ်ကြောင်း အတည်ပြုပြီး၊ အနက်ရောင် ချာဒါဝတ်ဆင်ခြင်းသည် မက္ကရူးဟ် (မနှစ်သက်ဖွယ်) မဟုတ်ကြောင်း မိန့်ကြားထားပါတယ်။
ထို့အပြင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး က ယနေ့ခေတ်တွင် အမျိုးသမီးများ အတွက် အကောင်းဆုံး ဟေဂျာဗ်မှာ အနက်ရောင် ချာဒရ် ဖြစ်ကြောင်းနှင့် အနက်ရောင် ချာဒရ်ကို မက္ကရူးဟ်ဟု ဆိုနိုင်သည့် ခိုင်လုံသော သာသနာရေးအထောက်အထား မရှိကြောင်း မိန့်ကြားထားပါတယ်။
ရှင်းလင်းချက် အကျည်း - ချာဒရ် (သို့) ချာဒူရ် (Chador) သည် အီရန်နိုင်ငံတွင် အများဆုံး အသုံးပြုကြသော ဟေဂျာဗ် ပုံစံတစ်မျိုးဖြစ်ပြီး၊ ဦးခေါင်းမှ ခြေဖျားအထိ ကိုယ်ခန္ဓာတစ်ခုလုံးကို ဖုံးအုပ်ပေးကာ မျက်နှာကိုသာ ဖွင့်ထားသည့် အပြင်ဝတ်အဝတ်အစား ဖြစ်ပါတယ်။ ၎င်းကို ရှရီအဟ်အရ မဖြစ်မနေ ဝတ်ဆင်ရမည်ဟု မဆိုလိုသော်လည်း၊ မရ်ဂျအ်အချို့က အမျိုးသမီးများအတွက် အကောင်းဆုံးနှင့် အမြတ်ဆုံး ဟေဂျာဗ် ပုံစံအဖြစ် အကြံပြုထားကြပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment