အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နဂျဖ်မြို့ရှိ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ရုံး သည် သြဂုတ်လ ၁၄ ရက်နေ့ စနေနေ့ကို ၁၄၄၈ ဟီဂျရီ သက္ကရာဇ် ၏ ရဗီအုလ် အော်ဝလ် လမြတ် ၏ ပထမနေ့ အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။
အီရတ်သတင်းအေဂျင်စီ (واع) ၏ ဖော်ပြချက်အရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ရုံး က ထုတ်ပြန်သော ကြေညာချက်တွင် သောကြာနေ့သည် ဆဖရ်လ ၏ နောက်ဆုံးနေ့ ဖြစ်မည်ဖြစ်ပြီး၊ စနေနေ့၊ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ သည် ၁၄၄၈ ဟီဂျရီ သက္ကရာဇ် ၏ ရဗီအုလ် အော်ဝလ် လမြတ် ၏ ပထမနေ့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ထို့ကြောင့် ယခုနှစ် ဆဖရ်လသည် သောကြာနေ့တွင် ကုန်ဆုံးပြီး ၊ ရဗီအုလ် အော်ဝလ် လမြတ် သည် စနေနေ့မှ စတင်ခဲ့ပြီ ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment