၁၀ စက်တင်ဘာ ၂၀၂၆ - ၂၃:၃၅
ပါကစ္စတန် မုဖ်သီ နှင့် အာယာတိုလာ ဘရှီးရ် နဂျဖီတို့ တွေ့ဆုံရာတွင် အစ္စလာမ့်အွမ္မဟ် စည်းလုံး ညီညွတ် ရေးကို အလေးပေး

ပါကစ္စတန် အစ္စလာမ်မစ် အယူဝါဒရေးရာကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ မုဖ်သီ ရာဂစ်ဗ် ဟိုစိုင်းန် နအီမီ သည် နဂျဖ်မြို့၌ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဖေဇ် ဗရှီးဟိုစိုင်းန်နဂျဖီး နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ထိုတွေ့ဆုံမှုတွင် အစ္စလာမ့်အွန်မ္မဟ်၏ စည်းလုံးညီညွတ်မှုနှင့် သွေးစည်းခိုင်မာမှု၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်မြတ်နိုးမှု၊ ဘာသာရေး နှင့် အစ္စလာမ့်တန်ဖိုးများကို မြှင့်တင်ရေး၊ မွတ်စလင်များအကြား ညီရင်းအစ်ကိုစိတ်ဓာတ်နှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် နည်းလမ်းများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန် အစ္စလာမ်မစ် အယူဝါဒရေးရာကောင်စီ၏ ဥက္ကဋ္ဌ  မုဖ်သီ ရာဂစ်ဗ် ဟိုစိုင်းန် နအီမီ  သည် နဂျဖ် အရှရဖ်မြို့ ၌ အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဖေဇ် ဗရှီးဟိုစိုင်းန်နဂျဖီး နှင့် တွေ့ဆုံကာ အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ပါတယ်။

ထိုတွေ့ဆုံမှုတွင် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဖေဇ် ဗရှီးဟိုစိုင်းန်နဂျဖီး က မွတ်စလင်မ် များအနေဖြင့် ကုရ်အာန်ကျမ်းမြတ် နှင့် အဲဟ်လုလ်ဗိုင်(သ်)တို့၏ သွန်သင်ချက်များနှင့် ပိုမိုနီးကပ်စွာ ဆက်နွယ်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

၎င်းက အစ္စလာမ့်အွန်မ္မဟ်အနေဖြင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာဘဝနှင့် လူမှုဘဝကို ကုရ်အာန် ကျမ်းမြတ် ၏ သွန်သင်ချက်များနှင့် အဲဟ်လေ့ဘိုက်(သ)  (အ.စ) တို့၏ ဘဝလမ်းစဉ်များအပေါ် အခြေခံ တည်ဆောက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။အဘယ်ကြောင့် ဆိုသော် အဲဟ်လေ့ဘိုက်(သ)  (အ.စ) အား ချစ်မြတ်နိုးခြင်းနှင့် ၎င်းတို့၏ ဘဝလမ်းစဉ်ကို လက်တွေ့ကျင့်သုံးခြင်းသည် စစ်မှန်သော အစ္စလာမ့်သွန်သင်ချက်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သောကြောင့် ဖြစ်ပါတယ်။

ထို့အပြင် ကမ္ဘာ့မွတ်စလင်များအကြား စည်းလုံးညီညွတ်မှုနှင့် သွေးစည်းခိုင်မာမှုကို ပိုမိုတည်ဆောက်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး မွတ်စလင်မ် များအကြား ညီရင်းအစ်ကိုစိတ်ဓာတ်ကို မြှင့်တင်ရန်နှင့် ဘာသာရေးနှင့် အစ္စလာမ့်တန်ဖိုးများကို ကာကွယ်စောင့်ရှောက်ရန်လည်း တိုက်တွန်း ခဲ့ပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဖေဇ် ဗရှီးဟိုစိုင်းန်နဂျဖီး က ဆက်လက်၍ အစ္စလာမ့်အွမ္မဟ်အနေဖြင့် တမန်တော်မြတ် မိုဟမ္မဒ်(ဆွ) နှင့် ကိုယ်တော်မြတ်၏ မြင့်မြတ်သော အိမ်သူအိမ်သားများ အဲဟ်လေ့ ဘိုက်(သ)  (အ.စ) အပေါ် ချစ်မြတ်နိုးမှုကို ဘဝ၏ အဓိကအချက်နှင့် လမ်းညွှန်ချက်အဖြစ် ထားရှိရန် တိုက်တွန်းခဲ့ပါတယ်။

၎င်းက တမန်တော်မြတ်(ဆွ) ကိုယ်တိုင်လည်း အဲဟ်လေ့ဘိုက်(သ)  (အ.စ) အပေါ် အလွန်နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ ရှိခဲ့ပြီး ၊ ကိုယ်တော်မြတ်သည် မိမိ၏ မြင့်မြတ်သော အိမ်သူအိမ်သားများနှင့် ဆက်နွယ်မှုရှိရန်၊ ၎င်းတို့ကို ချစ်မြတ်နိုးရန်နှင့် ၎င်းတို့အား အားကိုးမှီခိုရန် အစ္စလာမ့်အွန်မ္မဟ်အား အကြိမ်ကြိမ် အကြံပြုတိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုအဆုံးတွင် မုဖ်သီ ရာဂစ်ဗ် ဟိုစိုင်းန် နအီမီ က အဲဟ်လေ့ဘိုက်(သ)  (အ.စ)  အနေဖြင့် မိမိအတွက် အချိန်ပေးတွေ့ဆုံပြီး နွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဖေဇ် ဗရှီးဟိုစိုင်းန်နဂျဖီး  ၏ ဘာသာရေး၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha