၁၉ အောက်တိုဘာ ၂၀၂၆ - ၀၉:၁၈
အဇာဘိုင်ဂျန်နိုင်ငံတွင် ဟေဂျာဗ် တားမြစ်မှုကို ပြင်းထန်စွာ ရှုတ်ချ /  အာယာသွလ္လာဟ် မိုဟမ္မဒ်ဂျဝါဒ် ဖွာဇေလ်လန်ကရာနီ

အဇာဘိုင်ဂျန်နိုင်ငံ ရှိ တက္ကသိုလ်များနှင့် အထက်တန်းကျောင်းများတွင် ဟေဂျာဗ် ဝတ်ဆင်မှုကို တားမြစ်ခြင်း နှင့် ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့ပြီး၊ မွတ်စလင်မ် အမျိုးသမီးများ၏ ဘာသာရေးလွတ်လပ်ခွင့်နှင့်ဟေဂျာဗ် ဝတ်ဆင်ခွင့်ကို ကာကွယ်ပေးရန် တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာယာသွလ္လာဟ် မိုဟမ္မဒ်ဂျဝါဒ် ဖွာဇေလ်လန်ကရာနီ မိန့်ကြားချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

ကျွန်ုပ်တို့သည် အဇာဘိုင်ဂျန်နိုင်ငံအကြောင်း သတင်းတစ်ခုကို ကြားသိခဲ့ရပါတယ်။  ထိုနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များနှင့် အထူးသဖြင့် အလွန်တရာ ယုံကြည်မှုခိုင်မာသော ရှီအဟ် မွတ်စလင်မ် များ အများအပြား နေထိုင်ကြပါတယ်။ သို့သော် အဇာဘိုင်ဂျန်အစိုးရသည် တက္ကသိုလ်များနှင့် အထက်တန်းကျောင်းများတွင် ဟေဂျာဗ် ဝတ်ဆင်ခြင်းကို တားမြစ်သည့် ဥပဒေကို အကောင်အထည်ဖော်နေသည်ဟု သိရှိရပါတယ်။ ထို့ပြင် ၎င်းတို့က ယင်းကိစ္စကို “အစွန်းရောက်မှု” သို့မဟုတ် “အတင်းအကျပ် ခိုင်းစေမှု” ဟူသော အမည်များဖြင့် တင်ပြနေကြပါတယ်။

ဤကိစ္စသည် အလွန်ပင် ရင်နာဖွယ်ကောင်းသော ပြဿနာတစ်ရပ် ဖြစ်ပါတယ်။  မိမိကိုယ်ကို မွတ်စလင်မ် နိုင်ငံဟု ကြွေးကြော်ထားသော အစိုးရတစ်ရပ်က အမှန်တကယ်တွင် ဘာသာတရားမဲ့မှု၏ သဘောတရားနှင့် ကိုက်ညီသော လုပ်ရပ်မျိုးကို လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ 

ယနေ့ခေတ်တွင် မည်သည့်နေရာ၌မဆို ဟေဂျာဗ် ဝတ်ဆင်ခြင်းကို ဆန့်ကျင်သူ မည်သူမဆို၊ အမှန်အားဖြင့် ၎င်းတို့၏ ဆန့်ကျင်မှုသည် အလ္လာဟ်အရှင်မြတ်ကို ဆန့်ကျင်ခြင်းပင် ဖြစ်ပါတယ်။  ၎င်းသည် ကျမ်းမြတ်ကုရ်အာန်တွင် အတိအလင်း ဖော်ပြထားသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ဆန့်ကျင်ခြင်းဖြစ်ပြီး အစ္စလာမ်သာသနာကို ဆန့်ကျင်ခြင်းလည်း ဖြစ်ပါတယ်။

အကယ်၍ အဇာဘိုင်ဂျန်အစိုးရသည် အစ္စလာမ်သာသနာကို အမှန်တကယ် ဆန့်ကျင်လိုပါက ပြည်သူများသည် မိမိတို့၏ တာဝန်နှင့် လုပ်ဆောင်ရမည့်အရာကို သိရှိကြပါလိမ့်မည်။ အစ္စလာမ့်ပညာရှင်များနှင့် လူကြီးမင်းများကလည်း ပြည်သူများအတွက် မိမိတို့၏ တာဝန်ကို သတ်မှတ်ပေးကြပါလိမ့်မည်။

သင်တို့သည် မိမိတို့၏ အုပ်ချုပ်ရေးအာဏာကို အဘယ်ကြောင့် အခြားသူများ၏ လက်ထဲသို့ အပ်နှံထားကြသနည်း? သူတို့က မည်သည့်အရာကို ပြောပြော သင်တို့က လက်ခံနေကြမည်လော? 

ဟေဂျာဗ် သည် အတားအဆီးတစ်ခု မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်တို့၏ တော်လှန်ရေးအတွင်း၌လည်း ဤအချက်ကို ကောင်းစွာ သက်သေပြနိုင်ခဲ့ပါတယ်။ 

အမျိုးသမီးတစ်ဦးသည် ဟေဂျာဗ် ကို စနစ်တကျ လိုက်နာဝတ်ဆင်ထားရင်းပင် သိပ္ပံပညာနှင့် ပညာရေးနယ်ပယ်များတွင် အဆင့်မြင့်မြင့် အောင်မြင်မှုများ ရရှိနိုင်ကြောင်း ပြသနိုင်ခဲ့ခြင်းသည် ဤတော်လှန်ရေး၏ ထင်ရှားတောက်ပသော အောင်မြင်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။ 

အကယ်၍ လွတ်လပ်ခွင့်ကို အမှန်တကယ် လိုလားကြသည်ဆိုပါက၊ မိမိ ဆန္ဒအရ ဂျာဒဲရ် ဝတ်ဆင်လိုသော၊ ဟေဂျာဗ် ဝတ်ဆင်လိုသော မွတ်စလင်မ် မိန်းကလေးတစ်ဦးသည် အဘယ်ကြောင့် လွတ်လပ်စွာ ဝတ်ဆင်ခွင့် မရသင့်သနည်း? 

ဤကိစ္စကို ကျွန်ုပ်တို့ အပြင်းအထန် ရှုတ်ချပါတယ်။  အဇာဘိုင်ဂျန်အစိုးရကိုလည်း သတိပေးလိုပါတယ်။ ယခင် အာဏာရှင် ၊ အကြမ်းဖက် ခေတ်က အာဏာရှိခဲ့သူများထံမှ သင်ခန်းစာယူကြပါ။ ထိုသူများသည် ဘာသာတရားကို ဆန့်ကျင်ခဲ့ကြပြီး နောက်ဆုံးတွင် မိမိတို့ကိုယ်တိုင် ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ 

အဇာဘိုင်ဂျန်အစိုးရအနေဖြင့် သိထားရမည့်အချက်မှာ ဘာသာတရားကို ဆန့်ကျင်ခြင်း၏ နောက်ဆုံးရလဒ်သည် မိမိတို့ကိုယ်တိုင် ပျက်စီးဆုံးရှုံးရခြင်းပင် ဖြစ်ပါတယ်။

ထို့အပြင် အဇာဘိုင်ဂျန်နိုင်ငံမှ ချစ်လှစွာသော ပြည်သူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။  ယခုရက်ပိုင်းအတွင်း သင်တို့ ( အဇာဘိုင်ဂျန်ပြည်သူပြည်သားများ ) သည် လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြပြီး မိမိတို့၏ မကျေနပ်မှုကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။ ထိုဆန္ဒပြမှုများနှင့် ကန့်ကွက်မှုများကို ဆက်လက်လုပ်ဆောင်ကြပါ။

ဤသည်မှာ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာ ကာကွယ်ပြောဆိုခြင်း မဟုတ်ပါ။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ကာကွယ်ခြင်းပင် ဖြစ်ပါတယ်။

ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ကူညီစောင်မတော်မူမည်ဖြစ်ကြောင်းကိုလည်း သိထားကြပါ။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha