၁၈ အောက်တိုဘာ ၂၀၂၆ - ၂၁:၁၈
အားကစားသည် လူငယ်များနှင့် ဆယ်ကျော်သက်များကို လမ်းမှားမရောက်အောင် ကာကွယ်ပေး ပါတယ်

လူငယ်များနှင့် ဆယ်ကျော်သက်များကို လမ်းမှားမရောက်စေရန် အားကစားကဏ္ဍက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး ကိုယ်ခန္ဓာကြံ့ခိုင်ရေးသာမက စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးကိုပါ လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ကြောင်း ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီက မိန့်ကြားထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews ၏ အစီရင်ခံစာ အရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ က အောက်ပြအတိုင်း မိန့်ကြားထားပါတယ်။

လူငယ်များနှင့် ဆယ်ကျော်သက်များကို ကိုယ်ကာယလေ့ကျင့်ခန်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အားကစားများနှင့် ရင်းနှီးကျွမ်းဝင်လာစေပြီး လမ်းမှားများ၊ ကိုယ်ကျင့်တရားဆိုင်ရာ ချော်လဲမှုများမှ ကယ်တင်ပေးခြင်းသည် အလွန်ကောင်းမွန်သော အရာဖြစ်ပါတယ်။

ကိုယ်ကာယလေ့ကျင့်ရေးနှင့် အားကစားကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေကြသော ချစ်ခင်လေးစားရသူများအနေဖြင့် အားကစားခန်းမသည် မိမိတို့အတွက် ဝတ်ပြုကိုးကွယ်ရာ ဘုရားကျောင်းတစ်ခုကဲ့သို့ ဖြစ်နေစေရန် ဂရုပြုကြပါ။

အလ္လာဟ် ဟို အရှင်မြတ် ၏ နာမတော်ကို ရွတ်ဆိုပြီး အားကစားခန်းမသို့ ဝင်ရောက်ကြပါ။

ကိုယ်ခန္ဓာကို လေ့ကျင့်ပျိုးထောင်ခြင်းထက် ပိုမိုအရေးကြီးသည်မှာ စိတ်နမာမ် ကို လေ့ကျင့်ပျိုးထောင်ခြင်း ဖြစ်ပါတယ်။ သို့ဖြစ်၍ မိမိတို့၏ တပ်မက်လိုချင်စိတ်များက အပြစ်တရား၏ ချောက်ကမ်းပါးသို့ ဆွဲခေါ်မသွားစေရန် သတိပြုကြပါ။

မိမိ၏ တပ်မက်လိုချင်စိတ်ကို ထိန်းချုပ်နိုင်သူသာ အမှန်တကယ် သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။

အီရန် သက္ကရာဇ်  ၁၃၇၅ ခုနှစ် ၊ မဟ်ရ် လ ၂၀ ရက်နေ့ 

#ကိုယ်ကာယလေ့ကျင့်ရေး နှင့် အားကစားရက်သတ္တပတ်အထိမ်းအမှတ်ပြန်လည်မျှဝေခြင်း


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha