၁၉ အောက်တိုဘာ ၂၀၂၆ - ၁၁:၃၇
အီရန်ပါလီမန်က မဲဟ်ဒါဒ် အက်ခလာကီ ကီတာဗ်ချီ ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ရန် အတည်ပြု

အီရန်ပါလီမန်က မဲဟ်ဒါဒ် အက်ခလာကီ ကီတာဗ် ချီကို ကာကွယ်ရေးဝန်ကြီး နှင့် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ဝန်ကြီးအဖြစ် ခန့်အပ်ရန် အတည်ပြုလိုက်ပါတယ်။ ၎င်းသည် ရှဟီးဒ် ဗိုလ်ချုပ်ကြီး အဇီးဇ် နာဆေရ် ဇါဒေ ၏ နေရာတွင် တာဝန်ယူသွားမည်ဖြစ်သူ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ်သတင်းဌာန၏ ဖော်ပြချက်အရ အီရန်ပါလီမန်သည် မဲဟ်ဒါဒ် အက်ခလာကီ ကီတာဘ်ချီ ကို နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ရန် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။

Mehr သတင်းဌာန ၏ အစီရင်ခံစာ အရ အီရန်ပါလီမန်အမတ်များသည် တနင်္ဂနွေနေ့ တွင် ကျင်းပသည့် ပုံမှန် လွှတ်တော် အစည်းအဝေး၌ မဲဟ်ဒါဒ် အက်ခလာကီ ကီတာဗ်ချီ ၏ အရည်အချင်းနှင့် တင်ပြထားသော လုပ်ငန်းအစီအစဉ်များ ကို သုံးသပ်ပြီးနောက် ကာကွယ်ရေးဝန်ကြီး နှင့် လက်နက် ကိုင်တပ်ဖွဲ့များဆိုင်ရာ ဝန်ကြီးရာထူးအတွက် ယုံကြည်မှုမဲပေးကာ အတည်ပြုခဲ့ကြပါတယ်။ 

မဲဟ်ဒါဒ် အက်ခလာကီ ကီတာဗ်ချီ သည် ယခင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဇီးဇ်  နာဆေရ် ဇါဒေ  ၏ နေရာတွင် တာဝန်ယူသွားမည်ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး အဇီးဇ်  နာဆေရ် ဇါဒေ သည် အမေရိကန်နှင့် အစ္စရေးအစိုးရတို့၏ တိုက်ခိုက်မှုများအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha