အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖရွန်မြို့ရှိ ကလေးများသည် ယာယီစားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ကာ ဒေသခံဆိုင်ရှင်များနှင့် ဝန်ဆောင်မှု လုပ်ငန်းရှင်များအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် နေ့စဉ် လူနေမှုလိုအပ်ချက်များ ကို ဖြည့်ဆည်းပေးသည့် ဆိုင်များကို ပြန်လည်ဖွင့်လှစ်ရန် တိုက်တွန်းခဲ့ကြပါတယ်။
ဤအစီအစဉ်၏ စီစဉ်သူများက စီးပွားရေးလုပ်ငန်းများ ပြန်လည်အသက်ဝင်လာခြင်းသည် ဒေသခံများ အနီး ပတ်ဝန်းကျင်ရှိ မြို့များနှင့် ကျေးရွာများသို့ သွားရောက်ဝယ်ယူရမှုကို လျှော့ချပေးနိုင်သည့်အပြင် ဖရွန်မြို့၏ လမ်းမများ ပြန်လည်စည်ကားလာစေရန်နှင့် ဒေသခံများ ဆက်လက်အခြေချနေထိုင်နိုင်ရန်လည်း အထောက် အကူ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့ပြင် ယာယီစားသောက်ဆိုင်မှ ရရှိသည့် ဝင်ငွေအားလုံးကို ဖရွန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ထံ လှူဒါန်း မည်ဖြစ်ပြီး ယင်းငွေများကို ပြန်လည်နေထိုင်လာသော မိသားစုများအား ထောက်ပံ့ရန်နှင့် ၎င်းတို့၏ အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အသုံးပြုသွားမည်ဖြစ်ကြောင်း စီစဉ်သူများက ထုတ်ပြန်ခဲ့ပါတယ်။
ဖရွန်မြို့မှ ကလေးများသည် ဤအစီအစဉ်ကို လက်ဘနွန်အာဇာနည်ကလေး အလီ နာဒဲရ် နှင့် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှု အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ၎င်း၏ မိဘနှစ်ပါးအား ဂုဏ်ပြုအမှတ်တရ ရည်စူး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ဤလုပ်ဆောင်ချက်သည် စစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးဆက်များ ကို ရင်ဆိုင်နေရသည့် ဖရွန်မြို့သားများ၏ မျှော်လင့်ချက်၊ ပြန်လည်တည်ဆောက်လိုသည့် စိတ်ဓာတ်နှင့် ကြံ့ကြံ့ခံရပ်တည်မှု ကို ကိုယ်စားပြုသည့် သင်္ကေတတစ်ရပ်ဖြစ်ကြောင်းလည်း အလေးပေးပြောဆိုခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment