အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ပြန်ချက်တစ်စောင်တွင် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုအား မကြာသေးမီက ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအတွင်း F-15 တိုက်လေယာဉ် တစ်စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်တစ်ခုကိုလည်း ပစ်မှတ်ထား၍ အသုံးမပြုနိုင်အောင် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ အမှတ် (၃၈) ထုတ်ပြန်ချက်တွင် ယင်းစစ်ဆင်ရေးသည် "နဆ်ရ် ၂ " စစ်ဆင်ရေး၏ (၂၄) ကြိမ်မြောက် လှိုင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် တပ်ဖွဲ့၏ ရေဒါနှင့် လေကြောင်းကာကွယ်ရေးစနစ်များကို အားနည်းစေရန်နှင့် နောင်တွင် အကြီးစား ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန် လမ်းဖွင့်ပေးရန် ရည်ရွယ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်အရ IRGC ၏ လေတပ်သည် ဂျော်ဒန်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး၊ ၎င်း၏ အကာအကွယ်ပေးထားသော လေယာဉ်သိုလှောင်ရုံ (Protective Shelter) အတွင်းရှိ F-15 တိုက်လေယာဉ်တစ်စင်းကိုလည်း အပြည့်အဝ ပစ်မှတ်ထား ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုထားပါတယ်။
IRGC သည် ၎င်း၏ ထုတ်ပြန်ချက်တွင် ဆက်လက်၍ ဒေသသည် အမေရိကန်တပ်ဖွဲ့များ တည်ရှိသင့်သည့် နေရာမဟုတ်ကြောင်းနှင့် နောက်ထပ် လူအသေအပျောက်များကို ရှောင်ရှားလိုပါက အမေရိကန်တပ်ဖွဲ့များ အနေဖြင့် ဒေသမှ ဆုတ်ခွာသင့်ကြောင်းလည်း ပြောကြားထားပါတယ်။
F-15 တိုက်လေယာဉ် စျေးအရမ်းကြီးပြီး အမေရိကန် စစ်တပ်၏ ကျောရိုး တစ်ခု ဖြစ်ပါတယ်။ နောက်မည်သည့် စစ်ပွဲ မှာမှ ပစ်ချ ဖျက်စီးခံခဲ့ရခြင်းမရှိသေးချေ။ ပထမဦးဆုံး အီရန် မှ ပစ်ချ ခဲ့ခြင်းဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment