၁၈ ဇူလိုင် ၂၀၂၆ - ၂၃:၅၉
အီရန်အခြေခံအဆောက်အအုံများကို အမေရိကန်တိုက်ခိုက်ပါက UAE ရှိ လေဆိပ်နှင့် ဆိပ်ကမ်းများကို ချက်ချင်း ရွှေ့ပြောင်းရန် အီရန်လုံခြုံရေးတာဝန်ရှိသူ သတိပေး

အီရန်၏ ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ အီရန်လုံခြုံရေးတာဝန်ရှိသူတစ်ဦးက အမေရိကန်သည် အီရန်၏ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ပါက ဒူဘိုင်းနှင့် အဘူဒါဘီ လေဆိပ်များအပြင် ဖူဂျိုင်ရာနှင့် ဂျဘယ်အလီ ဆိပ်ကမ်းများကို အရပ်သားများ၏ အသက်အန္တရာယ်ကာကွယ်ရန် ချက်ချင်းရွှေ့ပြောင်းရန် လိုအပ် ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အီရန်၏ ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ အီရန်လုံခြုံရေးတာဝန်ရှိသူတစ်ဦးက အမေရိကန်သည် အီရန်၏ အရပ်ဘက်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လာပါက ဒူဘိုင်းနှင့် အဘူဒါဘီ လေဆိပ်များ ၊ ဖူဂျိုင်ရာနှင့် ဂျဘယ်အလီ ဆိပ်ကမ်းများကို ချက်ချင်းရွှေ့ပြောင်းသင့်ကြောင်း သတိပေးပြော ကြားခဲ့ ပါတယ်။

အဆိုပါတာဝန်ရှိသူက အမေရိကန်ဘက်မှ အီရန်၏ အရပ်ဘက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ပါက အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အတွင်းရှိ အဆိုပါအရေးကြီး လေဆိပ်များနှင့် ဆိပ်ကမ်းများသည် အီရန်၏ တန်ပြန်တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ကြောင့် အရပ်သားများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကာကွယ်ရေးအတွက် အဆိုပါနေရာများကို အမြန်ဆုံး ရွှေ့ပြောင်းရန် လိုအပ်ကြောင်း ၎င်းက အလေးထားပြောဆိုခဲ့ပါတယ်။

ဤကဲ့သို့သော သတင်းအချက်အလက်များကို အမေရိကန်နှင့် ၎င်းနှင့် နီးစပ်သည့် လော်ဘီအဖွဲ့များ၏ သတင်း မီဒီယာများ က ထုတ်ပြန်ဖော်ပြလေ့ရှိမည် မဟုတ်ချေ။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha