၁၉ ဇူလိုင် ၂၀၂၆ - ၀၂:၄၆
အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများအတွင်း ပါလက်စတိုင်း ၃ ဦး အသက်ဆုံးရှုံးခဲ့

အစ္စရေးအစိုးရ၏ စစ်ရေးတိုက်ခိုက်မှုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထပ်ခါတလဲလဲ ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ် ၊ ဂါဇာမြို့ အရှေ့ပိုင်း အယ်လ်ဇေတွန် (Al-Zaytoun) ရပ်ကွက် အတွင်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃ ဦး အသက်ဆုံးရှုံးခဲ့ပြီး အခြားသူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ တစ်ချိန်တည်းတွင် ဂါဇာကမ်းမြှောင်ဒေသ အနှံ့တွင် အစ္စရေး၏ ဒရုန်းတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါလက်စတိုင်းသတင်းရင်းမြစ်များက အစ္စရေးစစ်တပ်သည် ဂါဇာမြို့အရှေ့ပိုင်း အယ်လ်ဇေတွန်ရပ်ကွက်ရှိ “ဒူလာ” လမ်းဆုံ တွင် ရှိနေသော အရပ်သားအုပ်စုတစ်ခုအား တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းနိုင်ငံသား ၃ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် အစ္စရေးဒရုန်းတစ်စင်းသည် အယ်လ်ရှုဂျာအီယာ (Al-Shuja'iyya) ရပ်ကွက်ရှိ အယ်လ်ဇဟ်ရာ ကျောင်းစခန်း ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အခြား တစ်ဖက်တွင်လည်း အစ္စရေးကျူးကျော်တပ်ဖွဲ့များသည် ဘိတ်လာဟီယာ အပေါ် မီးကျည်များ ပစ်လွှတ်ခြင်းနှင့် ဒေးရ် အယ်လ်ဘလာဟ် အရှေ့ပိုင်းရှိ စစ်ရေးနေရာများမှ ပစ်ခတ်ခြင်းများ ပြုလုပ်ကာ ဂါဇာဒေသအနှံ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ချိုးဖောက်ခဲ့ပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနကလည်း လွန်ခဲ့သည့် ၂၄ နာရီအတွင်း အာဇာနည် ၄ ဦး၏ ရုပ်အလောင်းများနှင့် ဒဏ်ရာရသူ ၂၈ ဦးကို ဂါဇာရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုအာဇာနည် ၄ ဦးအနက် ၃ ဦးမှာ မကြာသေးမီက တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သူများဖြစ်ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်မှုကြောင့် အသက်ဆုံးရှုံးခဲ့သူဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးဌာနက အပျက်အစီးများအောက်တွင် ကျန်ရှိနေဆဲဖြစ်သော သေဆုံးသူများလည်း ရှိနိုင်ကြောင်း ပြောကြားပြီး၊ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ချိန်မှစ၍ ယခုအချိန်အထိ ပါလက်စတိုင်း ၁,၁၂၇ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၃,၆၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ထို့အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှ စတင်ခဲ့သော ဂါဇာစစ်ပွဲတစ်လျှောက် စုစုပေါင်း အသက်ဆုံးရှုံးသူ အရေအတွက်မှာ ၇၃,၂၅၀ ဦး နှင့် ဒဏ်ရာရသူအရေအတွက်မှာ ၁၇၃,၇၅၁ ဦး အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha