အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီဗရာဟီးမ် အဇီဇီ က ယခုဖြစ်ရပ်သည် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒေသတွင်း၌ ယုံကြည်ကိုးစားမှု ကင်းမဲ့နေသလို၊ ၎င်း၏ မဟာမိတ် အစ္စရေးအစိုးရကိုပင် ထိန်းချုပ်နိုင်စွမ်းမရှိသည့် အားနည်းချက်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထောက်ပြဝေဖန်ခဲ့ပါတယ်။
ဆက်လက်၍ အီဗရာဟီးမ် အဇီဇီ က ဘေရွတ်တွင် ဖြစ်ပွားခဲ့သော ထိုသတ်ဖြတ်မှုများအတွက် “ခုခံရေး တပ်ပေါင်းစု (Resistance Front)” အနေဖြင့် တစ်စုတစ်စည်းတည်း ပူးပေါင်း၍ တုံ့ပြန်မှုများ ပြုလုပ်သွားမည်မှာ သေချာကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
အီဗရာဟီးမ် အဇီဇီ ၏ သတင်းစကားတွင် “ပြင်းထန်သော တုံ့ပြန်မှုတစ်ခု မလွဲမသွေ ရောက်ရှိလာတော့မည်” ဟု အလေးအနက် သတိပေးထားပြီး၊ ဒေသတွင်း တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည့် အခြေအနေသို့ ဦးတည် နေကြောင်း ဖော်ပြနေပါတယ်။
ယခုထုတ်ပြန်ချက်သည် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများအပေါ် အီရန်ဘက်မှ တရားဝင် တုံ့ပြန်မည့် သဘောထားကို ပြသရာလည်း ရောက်ရှိနေပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment