၁၆ ဇွန် ၂၀၂၆ - ၂၃:၅၈
လဗ်ဗိုက်(ခ်) ယာ ဟိုစိုင်းန် (အ.စ) ဆိုသည်မှာ ...

ဂျာမေအသိုလ်မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် ၏ တရားဝင်ချန်နယ် ၏ Eitaa တွင် H.I မိုဟမ္မဒ် လသီးဖ် မိုသွာဟေရီ ၏ လဗ်ဗိုက်(ခ်) ယာ ဟိုစိုင်းန် (အ.စ) ဆိုသည်မှာ ... ဘာသာပြန် တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လဗ်ဗိုက်(ခ်) ယာ ဟိုစိုင်းန် (အ.စ) ဆိုသည်မှာ ...    အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ တားမြစ်ထားသော ချမ်းသာကြွယ်ဝမှုကို ရှောင်ကြဉ်ပါ။

၂။ မလိမ်ညာပါနှင့်။

၃။ ဆင်းရဲသားများကို ကူညီပါ။

၄။ လူတို့၏ အခွင့်အရေးများကို လေးစားပါ။

၅။ အတိုးမယူပါနှင့်။

၆။ မည်သူ့ကိုမျှ မဖိနှိပ်ပါနှင့်။

၇။ မည်သူ့၏ မဖိနှိပ်မှုကို လက်မခံပါနှင့်။

၈။ မိဘမဲ့ကလေးများကို ထောက်ပံ့ပါ။

၉။ အချိန်ရောက်သည့် နှင့် နမာဇ် ဝတ်ပြုပါ။

၁၀။ ဖိနှိပ်ခံရသူများကို ထောက်ပံ့ပါ။

၁၁။ သင့်မိသားစုနှင့် သူငယ်ချင်းများကို အလေးထားပါ။

၁၂။ သဘာဝတရား၏ အခွင့်အရေးများကို လေးစားပါ။

၁၃။ လူများကို ချစ်မြတ်နိုးပါ။

၁၄။ အိမ်နီးချင်းများ၏ အခွင့်အရေးများကို လေးစားပါ။

၁၅။ အဂတိလိုက်စားမှုကို ရှောင်ကြဉ်ပါ။

၁၆။ ပြည်သူပိုင် ဘဏ္ဍာ ကို ကာကွယ်ပါ။

၁၇။ ဟေဂျာဗ်ကို ဂရုစိုက်ပါ။

၁၈။ သန့်ရှင်းသောဘဝကို နေထိုင်ပါ။

၁၉။ အစ္စလာမ်တန်ဖိုးများကို ဂရုစိုက်ပါ။

၂၀။ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများ၏ ကျွန်မဖြစ်ပါစေနှင့် ။

၂၁။ ကိုလိုနီဝါဒနှင့် မာနထောင်လွှားမှုကို ရင်ဆိုင်တွန်းလှန်ပြီး ခုခံပါ။

၂၂။ အေမာမ် မဟ်ဒီ (အ.စ)  ဇဟူးရ် ဖြစ်ရန် အကြောင်းခံများကို ဖန်တီးပါ။

၂၃။ နယ်ပယ်အားလုံးတွင် မိမိ ကလေးများကို လေ့ကျင့်ပေးပါ။

၂၄။ ဖိနှိပ်သူနှင့် ရက်စက်သူ ကို တိုက်ထုတ်ပါ။

ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ တစ်ဦးချင်းနှင့် လူမှုရေးဘဝများတွင် ဤကိစ္စရပ်များကို ပြုလုပ်မည် ဟု ကတိကဝတ်ပြု ထားမည်ဟု အေမာမ် ဟိုစိုင်းန် (အ.စ) အား ကတိပြုကြပါစို့။ ထို့နောက် လက်နှစ်ဖက်ကို မြှောက်၍ ရွတ်ဆိုကြပါစို့။

လဗ်ဗိုက်(ခ်) ယာ ဟိုစိုင်းန် (အ.စ)

လဗ်ဗိုက်(ခ်) ယာ ဟိုစိုင်းန် (အ.စ)

လဗ်ဗိုက်(ခ်) ယာ ဟိုစိုင်းန် (အ.စ)

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha