အေမာမ်ဟိုစိုင်းန် (အ.စ)
-
မိုဟစ်ဘန်နေအဲဟ်လေ့ဘိုက်(သ)(အ.စ) ဂရုပ် မှ ဦးဆောင်ကျင်းပသော ဟိုစိုင်းန်နီမဂျ်လစ် အောင်မြင်စွာ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ မိုဟစ်ဘန်နေအဲဟ်လေ့ဘိုက်(သ)(အ.စ) ဂရုပ် (MOHIBBARN E AHLULBAYT GROUP) ၏ ဦးဆောင်မှုဖြင့် ဟဇရသ်အဘာစ် (အ.စ)အာစ်သာနာ ၊ရန်ကုန် တွင် ကျင်းပပြုလုပ်ခဲ့သော ဟိုစိုင်းန်နီ မဂျ်လစ် တွင် ပါဝင်အားပေးခြင်းနှင့် လှူဒါန်း ပံ့ပိုးပေးကြသူများ အား ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး၊ သာသနာ ရေးလုပ်ငန်း များ ဆက်လက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဆုမွန်ကောင်းများ တောင်းခံခဲ့ ကြောင်း သိရှိရပါတယ်။ ( ဓာတ်ပုံ - Shwe Mar )
-
အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ် အီရတ်နိုင်ငံ၏ တောင်ဘက်အစွန်ဆုံးဒေသမှ စတင်
ဟိုစိုင်းန်နီ အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ် ကို ယနေ့ ဇူလိုင်လ ၆ ရက် တနင်္လာနေ့တွင် အီရတ် တောင်ပိုင်းရှိ အဝေးဆုံးနေရာဖြစ်သော ဘဆွရဟ်မြို့ရှိ ရာစိုလ်ဘီရှဟ် မှ ကရ်ဗလာသို့ စတင်ခဲ့ပါတယ်။
-
ကာဂီလ် ၏ အဇါဒါရီ စီတန်းလှည့်လည်ပွဲ တွင် မီးနာဗ် အာဇာနည်များဂုဏ်ပြုကာ ရဲဟ်ဗရ်အင်န်ကေလာဗ် နှင့် ကတိသစ္စာ ပြန်လည်ပြု ။ ။ Photos
အဗ်နာ ။ ။ မုဟရမ် လ ၁၃ ရက်နေ့ အဇါဒါရီ စီတန်းလှည့်လည်ပွဲကို အန်ဂျူမန်ဆွာဟစ်ဗွန်ဇ်ဇမာန်း (အ.ဂျ) ကာဂီလ်လာဒက်ခ် အိန္ဒိယ ၏ဦးဆောင်မှုဖြင့် စည်းကားစွာ ကျင်းပခဲ့ပါတယ်။ ဤအခါသမယတွင် ကလေးများသည် မီးနာဗ် ကျောင်းမှ အာဇာနည်များ၏ ဓာတ်ပုံများကို သယ်ဆောင်ကာ ၎င်းတို့အား ဂုဏ်ပြုခဲ့ကြပါတယ်။ နောက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ နှင့် ကတိသစ္စာ ပြန်လည်ပြုခဲ့ကြပါတယ်။
-
အောင်ဝဲလ်လေဝက်သ် တွင် နမာဇ်အား ဂျမာအသ်ဖြင့် ဝတ်ပြုခြင်းသည် ပို၍အရေးကြီးပါ သလား?
အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက်များဖြစ်ကြသည့် ရှီအဟ်မွတ်စလင်မ်များအတွက် အရေးကြီးဆုံး အချက်မှာ နမာဇ်ကို အောင်ဝဲလ်လေဝက်သ် (အဇါန်အချိန်ရောက်ပြီးချက်ခြင်း ) တွင် ဂျမာအသ် ဖြင့် ဝတ်ပြုနိုင် ရန် ကြိုးပမ်းအားထုတ်ခြင်းပင် ဖြစ်ပါတယ်။ အကြောင်းမှာ ကရ်ဘလာ စစ်မြေပြင်တွင် အေမာမ်ဟိုစိုင်းန် (အ.စ) သည် သာသနာတော်ကို ပြန်လည်ထူထောင်ရန်နှင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို တည်တံ့စေရန်အတွက် အသက်ပေး၍ ကြွမြန်းတော်မူခဲ့ခြင်းကြောင့် ဖြစ်သည်။
-
အာရှုရာနေ့၏ ကျင့်စဉ်များ
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ၏ နောက်လိုက်များနှင့် ချစ်မြတ်နိုးသူများ လိုက်နာကျင့်သုံးနိုင်ရန် အာရှုရာနေ့၏ ထူးမြတ်သော ကျင့်စဉ်များကို စုစည်းတင်ပြလိုက်ပါတယ်။
-
ရှက်ဗ်ဘေ အာရှုရာ၏ ကျင့်စဉ်များ
ရှက်ဗ်ဘေ အာရှုရာ (အာရှုရာည (မနက်ဖန် အာရှုရာနေ့ ဆိုလျင် ဒီနေ့ည ) တွင် ကျင့်သုံးနိုင်သော အမလ်များကို အဲဟ်လေဘိုက် (အ.စ) ကို ချစ်မြတ်နိုး သူများ နှင့် နောက်လိုက်များ လိုက်နာကျင့်သုံးနိုင်ရန် တင်ပြအပ်ပါသည်။
-
ကရ်ဗလာအဖြစ်အပျက်များကို စစ်မှန်သောကျမ်းများအပေါ်အခြေခံ၍ ဖတ်ရှု၊ ရေးသား၊ မျှဝေရန် အိုလမာ တိုက်တွန်း
ကရ်ဗလာ၏ ရင်ကွဲဖွယ် မဆာအေဗ်များကို စစ်မှန်သော သမိုင်းကျမ်းများနှင့် အိုလမာယေ ရဗ်ဗာနီများ၏ ရှင်းလင်းချက်များအပေါ် အခြေခံ၍သာ ဖတ်ရှု၊ ရေးသား၊ မျှဝေသင့်ကြောင်း သာသနာရေးပညာရှင်များက တိုက်တွန်းထားပါတယ်။
-
ကျွန်ုပ်ကဲ့သို့သောသူသည် ယဇီးဒ်ကဲ့သို့သောသူအပေါ် သစ္စာမစောင့်သိပါ / အေမာမ် ဟိုစိုင်းန်(အ.စ) ။ ။ Photo
အဗ်နာ ။ ။ အေမာမ် ဟိုစိုင်းန်(အ.စ) မိန့်ကြားထားတော်မူသည့် « ကျွန်ုပ်ကဲ့သို့သောသူသည် ယဇီးဒ်ကဲ့သို့ သောသူ အပေါ် သစ္စာမစောင့်သိပါ » ဆိုသည်ကို သရုပ်ပြထားသည့်အသက်ဝင် ပန်းချီကားချပ် ဖြစ်ပါတယ်။
-
ကရ်ဗလာ တွင် မုဟရမ် လပထမရက် ည ၏ မြင်ကွင်း ။ ။ video
အဗ်နာ ။ ။ အီရတ် နိုင်ငံ ကရ်ဗလာ မြို့ တွင် မုဟရမ်လ ပထမရက် ည ၏ မြင်ကွင်း ဖြစ်ပါတယ်။
-
လဗ်ဗိုက်(ခ်) ယာ ဟိုစိုင်းန် (အ.စ) ဆိုသည်မှာ ...
Eitaa တွင်ရှိသော ဂျာမေအသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ်၏ တရားဝင်ချန်နယ် “جامعة المصطفی / روابط عمومی” တွင် ဖော်ပြထားသော H.I မိုဟမ္မဒ် လသီးဖ် မိုသွာဟေရီ ရေးသားသည့် “လဗ်ဗိုက်(ခ်) ယာ ဟိုစိုင်းန် (အ.စ)” ဆိုသည် မှာ ပို့စ်ကို ဘာသာပြန်၍ တင်ပြလိုက်ပါသည်။
-
အာဏာအတွက်မဟုတ် ၊ သာသနာပြန်လည်တည်ဆောက်ရေးအတွက်ဟု အေမာမ် ဟိုစိုင်းန် (အ.စ) ဖော်ပြ
ကရ်ဗလာ သို့ ထွက်ခွာသည့်အချိန် အေမာမ် ဟိုစိုင်းန် (အ.စ) အရှင်သည် မိမိ၏ ရုန်းကန်မှု၏ ရည်ရွယ်ချက်ကို တောင်းဆုတော်မှတဆင့် ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့ပါတယ်။ အေမာမ် ၏ လှုပ်ရှားမှုသည် အာဏာနှင့် လောကီ အကျိုးအမြတ်အတွက် မဟုတ်ဘဲ သာသနာ၏ တရားသဘောများကို ပြန်လည် ထင်ရှားစေရန်နှင့် လူမှုဘဝတွင် တရားမျှတမှုနှင့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အတွက် ဖြစ်ကြောင်း ထင်ရှားစေခဲ့ပါတယ်။
-
ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ရောင်ဇာတော် တွင် အေမာမ်ဟိုစိုင်းန် (အ.စ) အတွက် ဝမ်းနည်းကြေကွဲမှု အလံ တင်အခမ်းအနား ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ရောင်ဇာတော် တွင် အေမာမ်ဟိုစိုင်းန် (အ.စ) အတွက် ဝမ်းနည်း ကြေကွဲမှု အလံ တင်အခမ်းအနား ကို မုဟရမ် လ၏ အကြိုညတွင် တနင်္လာနေ့ညနေ (၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ ) တွင် ကျင်းပခဲ့ပါတယ်။ ဇေယာရသ် ပြုသူများ နှင့် ဝန်ထမ်း များစွာ တက်ရောက်ခဲ့ပါတယ်။
-
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၏ မုဟရမ်လ ပထမည အဇါဒါရီ ။ ။ Photos
အဗ်နာ ။ ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၏ မုဟရမ်လ ပထမည အဇါဒါရီ ၏ ပုံရိပ်အချို့ ဖြစ်ပါတယ်။
-
အိုလူထုအပေါင်းတို့ မုဟရမ် လမြင်ပြီ ... ။ ။ video
အဗ်နာ ။ ။ အိုလူထုအပေါင်းတို့ မုဟရမ် လမြင်ပြီ ... အသက်ဝင်ပြီးခံစားချက်အပြည့်အဝ ရှိသည့် အေအိုင်နဲ့ ပြုလုပ်ထားသည့် ဗီဒီယိုကလစ်လေး တစ်ခုပါ။
-
အေမာမ်ဟိုစိုင်းန် (အ.စ) အတွက် ဝန်ဆောင်မှုပေးသူများ နှင့် ပတ်သက်၍ အာယာသွလ္လာဟ် ဗဲဟ်ဂျသ် (ရ.ဟ) ၏ မိန့်ကြားချက်
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) သည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ လမ်းစဉ်မှာ အစေခံရခြင်း ၊ ဝမ်းနည်းခြင်း အခမ်းအနားတွေ ကျင်းပခြင်း နှင့် ဝန်ဆောင်မှုများပေးဆောင် ခြင်း ပတ်သက်ပြီး အလွန်အရေးကြီးကြောင်း အမြဲတမ်း တိုက်တွန်းလေ့ရှိပါတယ်။ ပြီးနောက် အောက်ပါအတိုင်း မိန့်ကြား ခဲ့ဖူးပါတယ်။