အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရ်ဗလာ၏ ရင်ကွဲဖွယ် မဆာအေဗ်များကို စစ်မှန်သောကျမ်းများနှင့် အိုလမာယေ ရဗ်ဗာနီများထံမှ ရယူကာ ဖတ်ရှု၊ ရေးသား၊ မျှဝေကြရန် တိုက်တွန်းချက်များ လာရှိပါတယ်။ အထူးသဖြင့် ရဲဟ်ဗရ် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည် စစ်ချရသည့် ကျမ်းများမှ မဆာအေဗ်များကို ဟောကြားရန် မိန့်ကြားထားပါတယ်။
ကရ်ဗာ အဖြစ်အပျက်များသည် မိမိသဘောအလိုက် ငိုကြွေး စေရန် ရည်ရွယ်၍ လုပ်ကြံပြောဆိုရန် မလိုအပ်ဘဲ၊ သမိုင်းမှတ်တမ်းများအရပင် အလွန်ကြေကွဲဖွယ် ဖြစ်ရပ်များနှင့် ပြည့်နှက်နေကြောင်း ပညာရှင်များက ထောက်ပြကြပါတယ်။ ထို့ကြောင့် အမှန်တရားနှင့် သက်သေအထောက်အထားရှိသော ကျမ်းစာများ နှင့် အာလင်မ်ကြီးများ ၏ ဟောကြားချက်များ အပေါ် အခြေခံ၍သာ ဖတ်ရှု၊ ရေးသား၊ မျှဝေကြရန် နှိုးဆော် ထားပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment