အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာရှုရာ မှ ပေးသည့် သင်ခန်းစာ ရှစ်ချက် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ သာသနာအတွက် စတေးနိုင်ခြင်း
သာသနာတော်၏ အကျိုးအတွက် မိမိ အလွန်ချစ်မြတ်နိုးသော အရာများဖြစ်သည့် ငွေကြေး၊ ရာထူး၊ ဂုဏ်သိက္ခာနှင့် အခြားသော အကျိုးစီးပွားများကိုပင် စတေးနိုင်ရမည်။
၂။ အမှန်တရားအတွက် ဝိုင်းဝန်းကူညီခြင်း
အမှန်တရားအတွက် ရပ်တည်သည့်အခါ လူ့အဖွဲ့အစည်း၏ အဆင့်အတန်းမရွေး ကူညီဖေးမရမည်။ အမျိုး သမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဖျားနာနေသူများပင် ဖြစ်စေကာမူ အမှန်တရားဘက်မှ ရပ်တည်ကူညီရမည်။ အဓိကထားရမည့်အရာမှာ အမှန်တရားဖြစ်ပြီး အခြားအကျိုးအမြတ်များကို မကြည့် သင့်ပါ။
၃။ လူနည်းသော်လည်း အမှန်တရားဘက်မှ ရပ်တည်ခြင်း
အမှန်တရား၏ လမ်းစဉ်တွင် မိမိဘက်မှ လူနည်းနေသော်လည်း စိုးရိမ်ကြောက်ရွံ့ခြင်း မရှိဘဲ ရပ်တည်ရမည်။ အေမာမ် ဟိုစိုင်းန် (အ.စ) သည် ကရ်ဗလာ စစ်မြေပြင်၌ နောက်ဆုံး တစ်ပါးတည်း ကျန်ရှိနေချိန်အထိ မတွန့် ဆုတ်ခဲ့ပေ။
၄။ နမာဇ်နှင့် အေဗာဒသ်များကို မမေ့ခြင်း
မည်သည့် အခြေအနေမျိုးတွင်မဆို နမာဇ် နှင့် အေဗာဒသ်များကို မပျက်မကွက် ဆောင်ရွက်ရမည်။ စစ်မြေပြင်ကဲ့ သို့ ခက်ခဲသော အခြေအနေတွင်ပင် အလ္လာဟ်အရှင်မြတ်အား သတိရနေရပါမည်။
၅။ ကောင်းမှုကို တိုက်တွန်း၍ မကောင်းမှုကို တားမြစ်ခြင်း
ကောင်းမှုကို ညွှန်ပြခြင်းနှင့် မကောင်းမှုကို တားမြစ်ခြင်းသည် မွတ်စလင်မ် တိုင်း၏ တာဝန်ဖြစ်သဖြင့် မည်သည့် အခြေအနေတွင်မဆို ထိုတာဝန်ကို လက်မလွတ်သင့်ပါ။
၆။ တာဝန်ဝတ္တရားများကို ပြည့်စုံစွာ ထမ်းဆောင်ခြင်း
မိုအ်မင်၊ မိုအ်မိနသ်တိုင်းသည် မိမိတို့၏ တာဝန်ဝတ္တရားများကို အပြည့်အဝ သိရှိနားလည်ကာ ကျေပွန်စွာ ထမ်းဆောင် ရမည်ဖြစ်ပါတယ်။
၇။ သောင်ဗဟ်၏ တံခါး အမြဲဖွင့်လှစ်ထားခြင်း
အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့် သောင်ဗဟ်ပြုရန် တံခါးသည် အမြဲဖွင့်လှစ်ထားပါတယ်။ ဟဇရသ် ဟူရ်သည် နောက်ဆုံးအချိန်တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ထံ ဝန်ချတောင်းပန်ကာ အမှန်တရားဘက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထို့ကြောင့် အချိန်တိုင်း သောင်ဗဟ်ပြုနေသင့်ပြီး သောင်ဗဟ်ပြုခဲ့သော အပြစ်များကို ထပ်မံမကျူးလွန်မိစေရန် အထူးဂရုပြုရမည်ဖြစ်ပါတယ်။
၈။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အပေါ် ကျေနပ်နှစ်သက်ခြင်း
မည်သည့် အခြေအနေတွင်မဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် ဆုံးဖြတ်ချက်အပေါ် ကျေနပ်နှစ်သက်နေရမည်။ အခြေအနေတိုင်းတွင် အလ္လာဟ်အရှင်မြတ်အပေါ် အကောင်း မြင်မှုကို လက်ကိုင်ထားရမည်ဖြစ်ပါတယ်။
တင်ပြသူ
မဒဲရ်စာသိုလ်ကာအေမ် (အ.ဂျ)
ကရာချီ၊ ပါကစ္စတန်
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment