အာရှုရာနေ့ ရိုဇဟ်ထားခြင်း၏ နောက်ကွယ်သမိုင်းကို မသိဘဲ၊ မစိစစ်ဘဲ၊ ကိုယ့်ဆရာပြောသမျှကိုသာ အမှန်ထင်ပြီး လိုက်နာနေကြသူများ အလွန်များပြားနေပါတယ်။ ရိုးသားဖြူစင်လွန်းသော မွတ်စလင်မ် အများစု သည် ဤရိုဇဟ်သည် ဘယ်ကစလာသနည်း? ဘယ်သူက စတင်ပြုလုပ်သနည်း? ဘယ်ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ကြသနည်း? ဆိုသည်ကိုတောင် မေးမြန်းစူးစမ်းခြင်း မရှိကြပေ။ ထို့ကြောင့် အမှန်တရားကို သိရှိစေရန် ဤအကြောင်းကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ၏ နောက်လိုက်များနှင့် ချစ်မြတ်နိုးသူများ လိုက်နာကျင့်သုံးနိုင်ရန် အာရှုရာနေ့၏ ထူးမြတ်သော ကျင့်စဉ်များကို စုစည်းတင်ပြလိုက်ပါတယ်။
ရှက်ဗ်ဘေ အာရှုရာ (အာရှုရာည (မနက်ဖန် အာရှုရာနေ့ ဆိုလျင် ဒီနေ့ည ) တွင် ကျင့်သုံးနိုင်သော အမလ်များကို အဲဟ်လေဘိုက် (အ.စ) ကို ချစ်မြတ်နိုး သူများ နှင့် နောက်လိုက်များ လိုက်နာကျင့်သုံးနိုင်ရန် တင်ပြအပ်ပါသည်။
အာရှူရာ အဖြစ်အပျက်မှ အဲဟ်လေဘိုက်(သ)(အ.စ) ကို ချစ်မြတ်နိုးသူများနှင့် နောက်လိုက်များအတွက် လိုက်နာကျင့် သုံးနိုင်သော သင်ခန်းစာ ရှစ်ချက်ကို တင်ပြလိုက်ပါသည်။