အဲဟ်လေဘိုက် (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန – အဗ်နာ
(၁) ဇေယာရသ် အေမာမ် ဟိုစိုင်းန် (အ.စ)
အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) မိန့်တော်မူသည်။
« အကြင်သူမဆို ရှက်ဗ်ဘေ အာရှုရာ (အာရှုရာည) နှင့် အာရှုရာနေ့တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုလျှင်၊ တစ်နည်းအားဖြင့် ထိုသူသည် အေမာမ် (အ.စ) နှင့် အတူ ရှဟီးဒ် ဖြစ်ခဲ့သကဲ့သို့ ဖြစ်ပါသည်။ »
(ကြည့်ရန် – သဟ်ဖသိုလ်အဝါမ် ကျမ်း၊ စာမျက်နှာ ၃၂၂)
(၂) မိုးလင်းသည့်အထိ မအိပ်ဘဲ နေခြင်း
အကယ်၍ တစ်ညလုံး အလ္လာဟ်၏ အေဗာဒသ် ပြုကာ ၊ အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ရှဟီးဒ်တော်များ၊ အဲဟ်လေဘိုက် (အ.စ) တို့ ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခများကို အမှတ်ရ၍ ငိုကြွေးသတိရနေမည်ဆိုလျှင်၊ ထိုသူ၏ အေဗာဒသ်သည် ကောင်းကင်တမန်များ၏ အေဗာဒသ် နှင့် တူညီသော အကျိုးကျေးဇူး ရရှိမည်ဖြစ်ပါတယ်။ ထိုသူအတွက် နှစ်ပေါင်း (၇၀) ကောင်းမှုကုသိုလ် ပြုသကဲ့သို့ ဆဝါးဗ် ရရှိမည်ဟု ဖော်ပြထားပါတယ်။
ဤညတွင် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် သစ္စာရှိ သာဝကတော်များသည် ရန်သူများ ဝိုင်းရံထားသည့် ကရ်ဗလာကွင်းပြင်၌ မတ်တပ်ရပ်၍ ညလုံးပေါက် မိုးလင်းသည်အထိ အေဗာဒသ် ပြုခဲ့ကြပါတယ်။ ထို့အပြင် မိမိတို့၏ ရှဟာဒသ်ကို လက်ခံရန် ပြင်ဆင်ခဲ့ကြသည်။
(ကြည့်ရန် – သဟ်ဖသိုလ်အဝါမ် ကျမ်း၊ စာမျက်နှာ ၃၂၂)
(၃) လေးရကတ် နမာဇ် ဝတ်ပြုခြင်း
မစ်ဆ်ပါဟ်ဟိုလ်အာဗစ်ဒ်ဒီးန် ကျမ်းတွင် ဖော်ပြထားသည်မှာ –
« အကြင်သူမဆို ရှက်ဗ်ဘေ အာရှုရာ တွင် လေးရကတ် နမာဇ် ဝတ်ပြုလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ အတိတ် နှစ် ၅၀ နှင့် အနာဂတ် နှစ် ၅၀ အတွင်း ပြုခဲ့မည့် ဂိုနာဟ်များကို ခွင့်လွှတ်တော်မူမည်။ »
နမာဇ် ဖတ်နည်းမှာ –
၂ ရကတ်စီ ခွဲ၍ ဝတ်ပြုရမည်ဖြစ်သည်။ ရကတ်တိုင်းတွင် စူရဟ် ဟမ်ဒ် ဖတ်ပြီးနောက် စူရဟ် သောင်ဟီးဒ် ကို အကြိမ် (၅၀) ဖတ်ရမည် ဖြစ်သည်။
(ကြည့်ရန် – သဟ်ဖသိုလ်အဝါမ် ကျမ်း၊ စာမျက်နှာ ၃၂၂)
နီယသ် –
« ရှက်ဗ်ဘေ အာရှုရာ၏ လေးရကတ် နမာဇ် ဝတ်ပြုပါ၏။ ကိုရ်ဘသန် အေလ္လာဟ် »
အက်ပါလိုလ်အအ်မါလ် ကျမ်းတွင် မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ထံမှ ဆင့်ပြန်ထားသည်မှာ –
« လေးရကတ် ဖတ်ပြီး စလာမ် ပြု၍ပြီးလျှင် အလ္လာဟ်၏ ဇေက်ရ် ကို များစွာ ပြုရမည်၊ ဆလ်ဝသ် များစွာ ဖတ်ရမည်၊ အဲဟ်လေဘိုက် (အ.စ) ၏ ရန်သူများအပေါ် လအ်နသ် ပို့ရမည်။ »
(၄) အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ကဗရ်တော်အနားတွင် ညလုံးပေါက် နေခြင်း
အကယ်၍ ကံကောင်းပြီး ဤညကို ကရ်ဗလာတွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုခွင့်ရလျှင်၊ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ကဗရ် မိုဘာရတ်က် အနားတွင် မိုးလင်းသည်အထိ ညလုံးပေါက် နေခြင်းသည် အလွန် အကျိုးရှိသော အမလ် ဖြစ်ပါတယ်။ ထိုသို့ ပြုလုပ်သူကို အေမာမ် ဟိုစိုင်းန် (အ.စ) နှင့်အတူ ရှဟီးဒ် ဖြစ်သွားသူများ၏ စာရင်းထဲတွင် အမည် ထည့်သွင်းခြင်း ခံရမည်ဟု ဖော်ပြထားပါတယ်။
(ကြည့်ရန် – အက်ပါလိုလ်အအ်မါလ် ကျမ်း၊ အခန်း (၁) – ဖဒ်ွလို မဘီးသ် အန်ဒဲလ် ဟိုစိုင်းန် (အ.စ))
ယာ အလ္လာဟ် … ကျွန်ုပ်တို့အား ဤလောကတွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုနိုင်ခြင်းနှင့် အာခေရသ်တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဖာအသ် ရရှိစေတော်မူပါ။
အေလာဟီ အာမီးန်
++++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment