၂၄ ဇွန် ၂၀၂၆ - ၀၉:၂၄
ဘာသာရေးယုံကြည်မှုကို ခုတုံးလုပ်၍ လူသိများစေရန် ကြိုးပမ်းမှုအပေါ် ရှီအဟ် ဘာသာဝင်များ ပြင်းထန်စွာ ကန့်ကွက်

လတ်တလော လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေပန်းစားနေသည့် ပေါ့တ်ကာစ် (Podcast) တင်ဆက်သူ ရေဟန်သွာရစ် ပါကစ္စတန် ၏ အစီအစဉ်များသည် ရှီအဟ်အစ္စလာမ် ဘာသာဝင် များ၏ ယုံကြည်ချက် နှင့် အစဉ်အလာကို လွဲမှားစွာ ပုံဖော်နေသည်ဟုဆိုကာ ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရပါတယ်။

အဲဟ်လေဘိုက် (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန – အဗ်နာ

ပြဿနာ၏ အရင်းအမြစ်

အဆိုပါ ပေါ့တ်ကာစ်တွင် တင်ဆက်သူသည် ဘာသာရေးဆိုင်ရာ နက်နဲသော အကြောင်းအရာများ၊ အထူးသဖြင့် ဖီကာအေ ဂျာဖရီယဟ် နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးရာ၌ သက်ဆိုင်ရာဘာသာရေး တက္ကသိုလ်များမှ ဘွဲ့ရထားသည့် ပညာရှင်များ (အိုလမာ) ကို ဖိတ်ခေါ်ခြင်းမရှိဘဲ၊ ဘာသာရေးအသိပညာ အကန့်အသတ်ရှိသူများ သို့မဟုတ် လူသိနည်းသူများကိုသာ ဖိတ်ခေါ်၍ အငြင်းပွားဖွယ်ရာ မေးခွန်းများဖြင့် ပုံဖော်တင်ဆက်နေခြင်းကြောင့် ဖြစ်ပါတယ်။

ဝေဖန်ကန့်ကွက်မှုများ

အွန်လိုင်းပေါ်ရှိ ရှီအဟ် ဘာသာဝင်များနှင့် တက်ကြွလှုပ်ရှားသူများက ရေဟန် သွာရစ် အနေဖြင့် မိမိ၏ အစီအစဉ် လူကြည့်များစေရန်အတွက် ဘာသာရေးဆိုင်ရာ ထိလွယ် ရှလွယ် သည့် အချက်များကို အသုံးချနေသည်ဟု စွပ်စွဲထားကြပါတယ်။

 အထူးသဖြင့် ဝေဖန်ချက်တစ်ခုတွင် “ဒီအစီအစဉ်ဟာ နိုင်ငံရေးအကြောင်း ဒါမှမဟုတ် သာမန် ဆေးမြီးတိုကုတဲ့ ဟာကင်မ် (Hakim) တွေရဲ့ စကားဝိုင်းမျိုး မဟုတ်ဘူး။ ဒါဟာ ရှီအဟ် မွတ်စလင်မ် တို့ရဲ့ အခြေခံယုံကြည်ချက်အကီဒဟ် များ နှင့် သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ လူသိနည်းပြီး ပညာမပြည့်စုံသူတွေကို ဖိတ်ခေါ်ပြီး မေးခွန်းထုတ်တာဟာ အေမာမ် အလီ (အ.စ) ရဲ့ နောက်လိုက်များ၏  စိတ်နှလုံးကို ပြင်းထန်စွာ နာကျင်စေပါတယ် ဟု ဖော်ပြထားပါတယ်။

ပညာရှင်များ၏ အမြင်နှင့် တောင်းဆိုချက်

ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို အများပြည်သူသို့ တင်ဆက်ရာတွင် တိကျမှန်ကန်မှုသည် အလွန်အရေးကြီးကြောင်း၊ ယခုကဲ့သို့ စနစ်တကျ လေ့လာထားခြင်းမရှိသူများ၏ စကားသံများကို ဘာသာရေးကိုယ်စားပြုသယောင် တင်ဆက်ခြင်းသည် လူထုကို လမ်းမှားသို့ ပို့ဆောင်ရာရောက်ကြောင်း ပညာရှင်များက ထောက်ပြကြပါတယ်။ ၎င်းတို့က ‌ရေဟန် သွာရစ်  အနေဖြင့် တကယ်တမ်း ဘာသာရေးအသိပညာကို မျှဝေလိုပါက အရည်အချင်းပြည့်မီသော၊ စစ်မှန်သော ဘာသာရေးပညာရှင်များကိုသာ ဖိတ်ခေါ်၍ ဆွေးနွေးရန် တိုက်တွန်းထားပါတယ်။

ယခုဖြစ်ရပ်သည် ဒစ်ဂျစ်တယ်ခေတ်တွင် ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို တင်ဆက်ရာ၌ မည်မျှအထိ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်သလဲဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။  ဘာသာဝင်များကတော့ မိမိတို့၏ အထွတ်အမြတ်ထားရာ ယုံကြည်ချက်များကို လူမှုကွန်ရက်ပေါ်တွင် ဖျော်ဖြေရေးသက်သက် သို့မဟုတ် အငြင်းပွားဖွယ်ရာ ဖန်တီးမှုအဖြစ် အသုံးချခံရခြင်းကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ပြတ်သားစွာ သတိပေးထားကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha