၂၃ ဇွန် ၂၀၂၆ - ၀၀:၀၀
ကာတာ နိုင်ငံ တွင် LNG စက်ရုံပေါက်ကွဲမှုဖြစ်ပွား ၊  ပါကစ္စတန်နိုင်ငံသားများအပါအဝင် လူ ၁၃ ဦးသေဆုံး

ကာတာနိုင်ငံရှိ Ras Laffan LNG စက်ရုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်း ပေါက်ကွဲ မှုကြောင့် လူ ၁၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News၏ အစီရင်ခံစာအရ  ကာတာစွမ်းအင်ဝန်ကြီးဌာနက ပေါက်ကွဲမှုတွင် လူ ၁၃ ဦးသေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့ပါတယ်။ ကြေညာချက်အရ စက်ရုံ၏ ပို့ကုန် စွမ်းရည်ကို ထိခိုက်မှုမရှိသလို ပတ်ဝန်းကျင်အတွက်လည်း ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မရှိကြောင်း သိရပါတယ်။

ကာတာစွမ်းအင်ဝန်ကြီး စအ်ဒ်  ရှရီဒဟ် အလ်ကအ်ဘီ က သတင်းထောက်များနှင့် စကားပြောဆိုစဉ် ယနေ့တွင် ကျွန်ုပ်မျှော်လင့်ထားသည့်အတိုင်း ကြေညာချက်ထုတ်ပြန်ရမည်ဖြစ်ပြီး အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံသား ၁၃ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ လူ ၆၆ ဦး ဒဏ်ရာရရှိပြီး ကုသမှုခံယူနေရကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha