၂၀ ဇွန် ၂၀၂၆ - ၂၃:၅၂
လက်ဘနွန်တွင် စစ်ဆင်ရေးရပ်ဆိုင်းရန် နေတန်ယာဟု နှင့် ကတ်ဇ်တို့၏ အမိန့်ပေး

ခါသန်မိုလ်အန်ဗီယာ(ဆွ)ဗဟိုစစ်ဌာနချုပ် မှ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ကြောင်း ကြေညာပြီးနောက်၊ လက်ဘနွန်အပေါ် အစ္စရေး၏ ကျူးကျော်မှုများ ဆက်လက်ရှိနေပါက နောက်ထပ် ခြေလှမ်းများ လုပ်ဆောင်သွား မည်ဟု သတိပေးလိုက်သည့်အတွက် အစ္စရေးတာဝန်ရှိသူများက တောင်ပိုင်း လက်ဘနွန်ရှိ ၎င်းတို့၏ စစ်ဆင်ရေးများကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews ၏ အစီရင်ခံစာအရ အစ္စရေး၏ ချန်နယ် ၁၂ (Channel 12) သတင်းဌာနက ဝန်ကြီးချုပ် နေတန်ယာဟုနှင့် စစ်ဝန်ကြီး ကတ်ဇ်တို့သည် စစ်တပ်အား သိမ်းပိုက်ထားသည့် နေရာများမှ ဆုတ်ခွာခြင်းမပြုဘဲ တောင်ပိုင်းလက်ဘနွန်ရှိ စစ်ဆင်ရေးအားလုံးကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဟီဘရူးသတင်းဌာန၏ အဆိုအရ နေတန်ယာဟုနှင့် ကတ်ဇ်တို့၏ လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်သည် အမေရိကန်နှင့် ညှိနှိုင်းဆောင်ရွက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

အစ္စရေး၏ Walla သတင်းဌာနကလည်း အစ္စရေးစစ်တပ်၏ စစ်ဦးစီးချုပ် အီယယ် ဇာမီယာသည် လုံခြုံရေး အခြေအနေကို အကဲဖြတ်သည့် အစည်းအဝေးအပြီးတွင် အပစ်အခတ်ရပ်စဲရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း စစ်ဘက် ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြထားပါတယ်။

အစ္စရေး၏ ရေဒီယိုနှင့် ရုပ်မြင်သံကြားအဖွဲ့အစည်းကလည်း လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်များကို ကိုးကား၍ အစ္စရေးစစ်တပ်သည် တောင်ပိုင်းလက်ဘနွန်တွင် ခြိမ်းခြောက်မှုများကို ဖယ်ရှားရန် လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရှိပြီး၊ ဟစ်ဇ်ဘိုလာဘက်မှ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပါက ပြတ်ပြတ်သားသား တုံ့ပြန်သွား မည်ဖြစ်ကြောင်း ဖော်ပြပါတယ်။

ဤကိစ္စနှင့် ပတ်သက်၍ ဟီဘရူးမီဒီယာများက “အစ္စရေးနိုင်ငံရေး ခေါင်းဆောင်များသည် အီရန်၏ စည်းကမ်းချက်များ ကို နောက်တစ်ကြိမ် ပြန်လည်လိုက်လျောခဲ့ရပြန်ပြီ” ဟု ရေးသားဖော်ပြခဲ့ပါတယ်။

တောင်ပိုင်းလက်ဘနွန်တွင် သိမ်းပိုက်ထားသော နယ်မြေများမှ ဆုတ်ခွာခြင်းမရှိဘဲ အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကို ရပ်ဆိုင်းလိုက်ခြင်းသည် မပြည့်စုံသည့် လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။ အကြောင်းမှာ အစ္စရေးသည် ယခင်က ၂၄ နာရီအတွင်း အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ဖူးသောကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အစ္စရေးသည် ဟစ်ဇ်ဘိုလာကို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သော်လည်း၊ အမှန်တကယ်တွင် အစ္စရေးစစ်တပ်သည် နဘက်တီယာ မြို့ကို ကြီးစိုးထားသည့် မဟာဗျူဟာမြောက် အလီအယ်လ်တာဟီ  ကုန်းမြင့်ကို သိမ်းပိုက်ရန် စစ်ရေးအရ လှုပ်ရှားမှုများ ပြုလုပ် နေခဲ့ခြင်းဖြစ်ပါတယ်။

ခါသန်မိုလ်အန်ဗီယာ(ဆွ)ဗဟိုစစ်ဌာနချုပ် က နာရီအနည်းငယ်အကြာတွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကြေညာချက်တွင် စစ်ပွဲအဆုံးသတ်ရေး နားလည်မှုစာချွန်လွှာ၏ ပထမအချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည့် အမေရိကန်၏ ကတိဖျက်မှုနှင့် တောင်ပိုင်းလက်ဘနွန်တွင် အစ္စရေးတို့၏ အပစ်အခတ်ရပ်စဲရေးကို အဆက်မပြတ် ချိုးဖောက်နေမှုတို့ကြောင့် ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများ ဖြတ်သန်းသွားလာခြင်းမပြုနိုင်စေရန် ပိတ်ဆို့လိုက်ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha