၁၉ ဇွန် ၂၀၂၆ - ၂၃:၅၉
အပစ်အခတ်ရပ်စဲရေးကြေငြာချက်အပြီး လက်ဘနွန်နိုင်ငံအပေါ်  အစ္စရေးလေကြောင်းတိုက်ခိုက်မှုများပြုလုပ်

သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် တောင်ပိုင်းလက်ဘနွန်တွင် အပစ်အခတ်ရပ်စဲ ရေးကြေငြာ ချက်ကြေငြာပြီး ကတည်းက ထိုဒေသသည် ဇီယွန်ဝါဒီအစိုးရ၏ အနည်းဆုံး ၁၆ ကြိမ် လေကြောင်း တိုက်ခိုက်မှု ၏ ပစ်မှတ်ဖြစ်ခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIBသတင်းအေဂျင်စီ၏ အဆိုအရ ဇီယွန်ဝါဒီအစိုးရ၏ နောက်ဆုံးတိုက်ခိုက်မှုလှိုင်းတွင် ရှိုကင်၊ မစ်ဖ်ဒန်၊ ဂျာဘယ်အယ်လ်ရာဖီယာနှင့် အယ်လ်ရေးဟန်မြို့များကို လေကြောင်းတိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထားခဲ့ကြောင်း ဒေသခံမီဒီယာများက ကြေညာခဲ့ပါတယ်။

ဇီယွန်ဝါဒီအစိုးရ၏ တပ်မတော်ကလည်း လိုအပ်သလောက် တောင်ပိုင်းလက်ဘနွန်တွင် ၎င်းတို့၏ တိုက်ခိုက်မှုများ ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါတယ်။

ဟီးဘရူးမီဒီယာများတွင်လည်း ဇီယွန်ဝါဒီအကြီးတန်းအရာရှိတစ်ဦးက သိမ်းပိုက်ထားသောတပ်မတော်သည် တောင်ပိုင်းလက်ဘနွန်တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး ခြိမ်းခြောက်မှုအသစ်များကို ကိုင်တွယ်ဖြေရှင်းရန် လွတ်လပ်စွာလုပ်ဆောင်နိုင်မည်ဟု ပြောကြားခဲ့ပါတယ်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့တွင် နိုင်ငံ၏တောင်ဘက်နှင့် အရှေ့ဘက်ရှိ ဇီယွန် ဝါဒီသိမ်း ပိုက်ထား သောအစိုးရ၏ တိုက်ခိုက်မှုများတွင် လူ ၄၇ ဦး သေဆုံးခဲ့ပြီး ၉၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကြေညာ ခဲ့ပါတယ်။

အစ္စရေးအစိုးရ၏ တိုက်ခိုက်မှုများသည် ယမန်နေ့ညနေပိုင်းမှစ၍ လက်ဘနွန်တောင်ပိုင်းဒေသအမျိုးမျိုးတွင် ပိုမိုပြင်းထန်လာပြီး အရှေ့ဘက်သို့လည်း ပျံ့နှံ့သွားခဲ့ပါတယ်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ မတ်လ ၂ ရက်နေ့တွင် အစ္စရေး၏ နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှု စတင်ချိန်မှစ၍ လူပေါင်း ၃၉၈၀ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ဤကာလအတွင်း လက်ဘနွန်နိုင်ငံသား ၁၂၀၁၁ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha