အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရ်ဗလာ သို့ ထွက်ခွာသည့်အချိန် အေမာမ် ဟိုစိုင်းန် (အ.စ) အရှင်သည် မိမိ၏ ရုန်းကန်မှု၏ ရည်ရွယ်ချက်ကို တောင်းဆုတော်မှတဆင့် ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့ပါတယ်။ အေမာမ် ၏ လှုပ်ရှားမှုသည် အာဏာနှင့် လောကီ အကျိုးအမြတ်အတွက် မဟုတ်ဘဲ သာသနာ၏ တရားသဘောများကို ပြန်လည် ထင်ရှားစေရန်နှင့် လူမှုဘဝတွင် တရားမျှတမှုနှင့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အတွက် ဖြစ်ကြောင်း ထင်ရှားစေခဲ့ပါတယ်။
အေမာမ် ဟိုစိုင်းန် (အ.စ) တောင်းတော်မူခဲ့သည့် ဒိုအာ မှအောက်ပါအတိုင်း ဖြစ်ပါတယ်။
اَللّهُمَّ إِنَّكَ تَعْلَمُ اِنَّهُ لَمْ يَكُنْ ما كانَ مِنّا تَنافُساً في سُلْطان، وَ لاَ الْاتماساً مِنْ فُضوُلِ الْحُطامِ، وَ لكِنْ لِنُرِىَ الْمَعالِمَ مِنْ دينِكَ، وَ نُظْهِرَ الاْصْلاحَ فِي بِلادِكَ
အဓိပ္ပါယ် — “ အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ကောင်းစွာ သိတော်မူပါသည်။ ကျနော်မျိုးတို့ ၏ လှုပ်ရှားမှု သည် အာဏာပြိုင်ဆိုင်လိုခြင်းကြောင့် မဟုတ်သကဲ့သို့ လောကီပစ္စည်းအကျိုးအမြတ် ရယူလိုခြင်း ကြောင့် လည်း မဟုတ် ပါ။ အရှင်၏ သာသနာတော်၏ သင်ပြချက်များကို ပြန်လည် ထင်ရှားစေရန်နှင့် လူမှုအသိုင်း အဝိုင်း အတွင်း ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာစေရန်အတွက်သာ ဖြစ်ပါသည်။ ”
ရင်းမြစ် — ဗေဟာရွလ်အန်ဝါရ် (အတွဲ ၁၀၀၊ စာမျက်နှာ ၈၀)၊ သိုဟ်ဖသိုလ်အိုကူးလ် ကျမ်း။
အကြံပြုချက် - မိမိကိုယ်ကို အေမာမ် ဟိုစိုင်းန် (အ.စ) ၏နောက်လိုက်ဟု ခံယူလျင် အေမာမ် ၏ တောင်းဆုတော် တွင် ပါဝင်နေသည့် အရည်အချင်းများ မိမိကိုယ် ၍ ဖော်ပြလာအောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment