အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) သည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ လမ်းစဉ်မှာ အစေခံရခြင်း ၊ ဝမ်းနည်းခြင်း အခမ်းအနားတွေ ကျင်းပခြင်း နှင့် ဝန်ဆောင်မှုများပေးဆောင် ခြင်း ပတ်သက်ပြီး အလွန်အရေးကြီးကြောင်း အမြဲတမ်း တိုက်တွန်းလေ့ရှိပါတယ်။ ပြီးနောက် အောက်ပါအတိုင်း မိန့်ကြား ခဲ့ဖူးပါတယ်။
« အကယ်၍ လူသားတွေဟာ အေမာမ်ဟိုစိုင်းန်(အ.စ) ၏ လမ်းစဉ်အတွက် အလုပ်အကျွေးပြုရခြင်း၏ ကုသိုလ် အကျိုးကျေးဇူး (ဆဝါးဗ်) ဘယ်လောက်ကြီးမားတယ်ဆိုတာကိုသာ သိရှိခဲ့ကြမယ်ဆိုရင်၊ အဲဒီလို အလုပ် အကျွေးပြုခွင့် ရဖို့အတွက် တစ်ဦးနှင့် တစ်ဦး အပြိုင်အဆိုင် ကြိုးပမ်းကြပါလိမ့်မည်ဖြစ်ပါသည်။ »
ဤ မိန့်ကြားချက်ကို အာယသွလ္လာဟ် ဗဟ်ဂျသ်(ရ.ဟ) ၏ အဆုံးအမတွေကို စုစည်းထားတဲ့ စာအုပ်များ နှင့် အာယာသွလ္လာဟ် ၏ တရားဝင် ဝဘ်ဆိုဒ်တွေမှာ လေ့လာ တွေ့ရှိနိုင်မည်ဖြစ်ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) မိန့်မှာချက်ကို မှတ်သား၍ ကျွန်ုပ်တို့ အနေဖြင့် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် မိမိ တတ်နိုင်သည့် နေရာမှ နည်းသည်ဖြစ်စေ များသည် ဖြစ်စေ ဝန်ဆောင်မှု ပေးနိုင်အောင်ကြိုးပမ်းရမည်ဖြစ်ပါတယ်။ ပမာအားဖြင့် နောင်ဟာဖတ်ပေးနိုင်သူမှနောင်ဟာဖတ်ပေးခြင်း၊ တရား ဟောကြား နိုင်သူမှ တရားဟောကြားပေးခြင်း၊ မာသမ်ပြုနိုင်သူမှ မာသမ် ပြုခြင်း၊ ထမင်းကျွေးပေးနိုင်သူ၊ သဗရွတ်က် စီစဥ် နိုင်သူမှ ထမင်းကျွေးပေးခြင်း သဗရွတ်က် စီစဥ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေး ရမည်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment