၃၀ ဇူလိုင် ၂၀၂၆ - ၂၃:၅၇
ဂျပန်ငလျင်ကြောင့် သေဆုံးခဲ့သူများအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

ကျွန်ုပ်တို့နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးသည် ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်နှင့်ပတ်သက်၍ ဂျပန်ပြည်သူ များ နှင့် အစိုးရထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ၎င်းတို့နှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIB သတင်းအေဂျင်စီ ၏ အဆိုအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ၎င်း၏ သဝဏ်လွှာတွင် အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

ဂျပန်ငလျင်ကြောင့် သေဆုံးခဲ့သူများအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

“ ကူမာမိုတိုပြည်နယ်တွင် ဖြစ်ပွားခဲ့သော ငလျင်နှင့် ၎င်းကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြီးအကျယ် ပျက်စီး ဆုံးရှုံးမှုများ အတွက် အလွန်အမင်း ဝမ်းနည်းမိပါတယ်။ အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ အစိုးရနှင့် ပြည်သူများ ကိုယ်စား ထိခိုက်ခံစားခဲ့ရသူများနှင့် ဆုံးရှုံးမှုကြုံတွေ့ခဲ့ရသော မိသားစုများအား စိတ်ရင်းမှန်ဖြင့် ဝမ်းနည်း ကြောင်း နှင့် နှစ်သိမ့်အားပေးစကားများကို ပေးပို့အပ်ပါတယ်။ ဤအဖြစ်ဆိုးတွင် အသက် ဆုံးရှုံးခဲ့ ရသူများ ငြိမ်းချမ်းစွာ အနားယူနိုင်ကြပါစေ ၊ ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည်ကျန်းမာလာကြပါစေ ၊ ထို့ပြင် ထိခိုက်ပျက်စီးခဲ့သော ဒေသများကို အမြန်ဆုံး ပြန်လည်တည်ဆောက်ပြီး ပြန်လည်ထူထောင်နိုင်ကြပါစေဟု စိတ်ရင်းအပြည့်ဖြင့် ဆုတောင်းအပ်ပါတယ်။ ”

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha