၇ ဇူလိုင် ၂၀၂၆ - ၁၃:၅၄
အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ်  အီရတ်နိုင်ငံ၏ တောင်ဘက်အစွန်ဆုံးဒေသမှ စတင်

ဟိုစိုင်းန်နီ အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ် ကို ယနေ့ ဇူလိုင်လ ၆ ရက် တနင်္လာနေ့တွင် အီရတ် တောင်ပိုင်းရှိ အဝေးဆုံးနေရာဖြစ်သော ဘဆွရဟ်မြို့ရှိ ရာစိုလ်ဘီရှဟ် မှ ကရ်ဗလာသို့ စတင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယနေ့ ဇူလိုင်လ ၆ ရက်တနင်္လာနေ့တွင် အီရတ်နိုင်ငံတောင်ပိုင်း၏ အဝေးဆုံးနေရာဖြစ်သော ဘဆွရဟ် ပြည်နယ်၊ ဖော မြို့ ဆင်ခြေဖုံးရှိ ရေထုနှင့် ထိစပ်နေသည့် နောက်ဆုံးကုန်းမြေဖြစ်သော ရာစိုလ်ဘီရှဟ် ဒေသမှ ကရ်ဗလာ သို့ ဦးတည်သည့် ဟိုစိုင်းန်နီ အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ်ကိုစတင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘဂ္ဂဒက်မြို့အခြေစိုက် နိုင်ငံပိုင်သတင်းဌာန၏ နိုင်ငံတကာဝန်ဆောင်မှု သတင်းထုတ်ပြန်ချက်အရ ဤ ဟိုစိုင်းန်နီ အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အဖွဲ့အစည်းများစတင်ထွက်ခွာလာခြင်းနှင့်အတူ ယခုနှစ်၏ ဟိုစိုင်းန်နီ အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် အစီအစဥ်ကို တရားဝင်စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းတို့သည် ခြေလျင်ခရီးဖြင့် တစ်လခန့်အကြာတွင် ကရ်ဗလာသို့ ရောက်ရှိကြမည်ဖြစ်ပါတယ်။

ဤပထမအသုတ် အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ်ပြုသူများ ထွက်ခွာသွားပြီးနောက် ဘဆွရဟ်မြို့သူမြို့သားများသည်လည်း လာမည့်အပတ်တွင် ဒုတိယမြောက် အရ်ဗအီးန် အတွက် လမ်းလျှောက် ဇေယာရသ် သူများအဖြစ် အဖွဲ့ အနေဖြင့် ခရီးစဉ်တွင် ဆက်လက်ပူးပေါင်း ပါဝင်ကြမည် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha