အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အနောက်ဘက် ဆွေးဒါရှိ “တဲလ် အလ်ဟဒီဒ်” (Tal al-Hadid) ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း လူ ၂ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသတွင်း မီဒီယာအချို့ကမူ နှစ်ဖက်စလုံး၏ စုစုပေါင်း သေဆုံးနှင့် ဒဏ်ရာရသူ အရေအတွက်မှာ ၄၀ ခန့်ရှိ ကြောင်း ဖော်ပြထားပါတယ်။ တစ်ချိန်တည်းတွင် လူမှုကွန်ရက်အသုံးပြုသူများကလည်း အဆိုပါတိုက်ပွဲအတွင်း ဆီးရီးယား ယာယီအစိုးရတပ်ဖွဲ့ပိုင် စစ်ယာဉ်အချို့ ဖျက်ဆီးခံခဲ့ရကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။
အခြားတစ်ဖက်တွင် ဆီးရီးယားနိုင်ငံ နှင့် ပတ်သက်သည့် သတင်းတစ်ရပ်အရ ဒမတ်စကပ်မြို့ရှိ တရားရုံး အဆောက်အအုံအနီးရှိ အဆောက်အအုံတစ်လုံး၌ မနေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရသူ ၂၁ ဦးအထိ တိုးလာခဲ့ပါတယ်။ ကနဦး စုံစမ်းစစ်ဆေးမှုများအရ ပေါက်ကွဲမှုမှာ ဗုံးပေါက်ကွဲခြင်း ကြောင့် ဖြစ်သည်ဟု ယူဆရပြီး ယခုအချိန်အထိ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမျှ တာဝန်ခံကြောင်း မထုတ် ဖော်သေးဘဲ ဖြစ်စဉ်၏ အသေးစိတ်အချက်အလက်များနှင့် တာဝန်ရှိသူများကို ဆက်လက် စုံစမ်း လျက်ရှိကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment