အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ဈာပနနှင့် နောက်ဆုံးနှုတ်ဆက် အခမ်းအနားများဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူး အလီ အဲက္က်ဘရ် ပူရ်ဂျမ်ရှီဒီယန် က ဇွန်လ ၃၀ ရက် (အင်္ဂါနေ့) တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ၌ အစ္စလာမ်တော်လှန်ရေးခေါင်းဆောင် အာဇာနည် ( ရှဟီးဒ် ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ ) ၏ ဈာပနနှင့် နောက်ဆုံးအခမ်းအနားများ၏ အသေးစိတ်အစီအစဉ်များကို ရှင်းလင်း ပြောကြား ခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သော အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက “သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လျက်ရှိပါတယ်။ သတင်းမီဒီယာများအနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ မိမိတို့၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင် သင့်ပြီး၊ ဤအခမ်းအနားသည် နောင်လာမည့် ခေတ်များနှင့် မျိုးဆက်များအတွက် သမိုင်း ဝင်မှတ်တမ်းတစ်ခုအဖြစ် ကျန်ရှိစေရန် ဆောင်ရွက်သင့်သည်” ဟု ပြောကြားခဲ့ပါတယ်။
အမျိုးသားကော်မတီ၏ အတွင်းရေးမှူးက ယခုအချိန်အထိ နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခေါင်းဆောင်များနှင့် အဆင့်မြင့်တာဝန်ရှိသူများ၊ ထို့ပြင် နိုင်ငံပေါင်း ၉၀ ကျော်မှ ဘာသာရေးပညာရှင်များ၊ ပညာရှင်များနှင့် ဘာသာပေါင်းစုံ၏ ခေါင်းဆောင်များက တော်လှန်ရေးခေါင်းဆောင် အာဇာနည်အား ဂုဏ်ပြုအလေးပြုရန်နှင့် ဈာပနအခမ်းအနားသို့ တက်ရောက်ရန် တရားဝင်ကြေညာထားကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် အစိုးရကိုယ်စားလှယ်အဖွဲ့များအပြင် ပါကစ္စတန်၊ အီရတ်နှင့် အာဖဂန်နစ္စတန် အပါအဝင် အိမ်နီး ချင်းနိုင်ငံ များမှ ပြည်သူလူထုအဖွဲ့ကြီးများကလည်း တော်လှန်ရေးခေါင်းဆောင်၏ ဈာပနအခမ်းအနားသို့ တက်ရောက်ရန် အဆင်သင့်ဖြစ်ကြောင်း ကြေညာထားသည်ဟု ဆိုပါတယ်။
၎င်းက “ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ဈာပနအခမ်းအနားသို့ ပြည်သူများ၏ အဖွဲ့လိုက်တက်ရောက်မှုနှင့် ပတ်သက်၍ အပြည်ပြည် ဆိုင်ရာ ကော်မတီအတွင်း လိုအပ်သော ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိသည်” ဟု ပြောကြားခဲ့ပါတယ်။
တော်လှန်ရေးခေါင်းဆောင် အာဇာနည်၏ ဈာပနနှင့် နောက်ဆုံးနှုတ်ဆက် အခမ်းအနားများဆိုင်ရာ အမျိုးသား ကော်မတီ၏ အတွင်းရေးမှူး အလီ အဲက္က်ဘရ် ပူရ်ဂျမ်ရှီဒီယန် က ဇူလိုင်လ ၃ ရက် (သောကြာနေ့) တွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံခေါင်းဆောင်များ၊ အဆင့်မြင့်အရာရှိများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ပညာရှင်များက တော်လှန်ရေးခေါင်းဆောင်၏ ရုပ်ကလာပ်တော်အား ဂုဏ်ပြုအလေးပြုမည်ဖြစ်ပြီး၊ ဇူလိုင်လ ၄ ရက် (စနေနေ့) မှစတင်၍ ပြည်သူလူထုအတွက် အခမ်းအနားများကို စတင်ကျင်းပမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းက “တီဟီရန်ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အီဒ်ဂါဟ်၏ တံခါးများကို ဇူလိုင်လ ၄ ရက် နံနက် ၆ နာရီတွင် ပြည်သူများအတွက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ပြည်သူများသည် တော်လှန်ရေးခေါင်းဆောင်၏ ရုပ်ကလာပ်တော် ကို နောက်ဆုံးအကြိမ် ကြည့်ရှု၍ နှုတ်ဆက်နိုင်သည့်အပြင် ရှဟီးဒ် ရဲဟ်ဗရ် နှင့် မိသားစုဝင် အာဇာနည်များ၏ ဈာပနသို့လည်း တက်ရောက်နိုင်မည်ဖြစ်သည်” ဟု ဆိုပါတယ်။
အလီ အဲက္က်ဘရ် ပူရ်ဂျမ်ရှီဒီယန် ၏ အဆိုအရ ဇူလိုင်လ ၅ ရက်တွင် တီဟီရန်ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အီဒ်ဂါဟ်၌ တော်လှန်ရေးခေါင်းဆောင်နှင့်အတူ အာဇာနည်ဖြစ်ခဲ့သော ရှဟီးဒ် ရဲဟ်ဗရ် ၏ မိသားစုဝင် အာဇာနည်များ အတွက် နမာဇ်ဇေ ဂျနာဇဟ် ဝတ်ပြုမှု ကို ကျင်းပမည်ဖြစ်ပါတယ်။
ထို့နောက် ဇူလိုင်လ ၆ ရက်တွင် တီဟီရန်မြို့၌ တော်လှန်ရေးခေါင်းဆောင်၏ ဈာပနအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး အီရန်နိုင်ငံတစ်ဝန်းလုံးနှင့် ဒေသတွင်းနိုင်ငံများမှ ပြည်သူအများအပြား တက်ရောက် မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
တော်လှန်ရေးခေါင်းဆောင် အာဇာနည်၏ ဈာပနနှင့် နောက်ဆုံးနှုတ်ဆက် အခမ်းအနားများဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူး အလီ အဲက္က်ဘရ် ပူရ်ဂျမ်ရှီဒီယန် က အီရတ်နိုင်ငံ၌ ကျင်းပမည့် ဈာပနအစီအစဉ်များနှင့် ပတ်သက်၍လည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
သတ်မှတ်ထားသော အစီအစဉ်အရ ဇူလိုင်လ ၈ ရက်တွင် တော်လှန်ရေးခေါင်းဆောင်၏ ရုပ်ကလာပ်တော်ကို အီရတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ပါတယ်။ နဂျဖ် သို့မဟုတ် ဘဂ္ဂဒက်လေဆိပ်၌ ပြုလုပ်မည့် တရားဝင် ကြိုဆိုရေးအခမ်းအနားတွင် အီရတ်နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်၏ ခေါင်းဆောင်များနှင့် အခြားအဆင့်မြင့် အရာရှိများ တက်ရောက်မည်ဖြစ်ပါတယ်။
ထို့နောက် နဂျဖ်အရှ်ရဖ်ရှိ အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော်မြတ် နှင့် ကရ်ဗလာ မြို့ရှိ သန့်ရှင်းသော အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ဟဇရသ် အဘာစ် (အ.စ) တို့၏ ရောင်ဇာတော်မြတ် များကို လှည့်လည်ဂုဏ်ပြုခြင်း အခမ်းအနားများနှင့် ဈာပနအခမ်းအနားများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment