အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ အီရတ်နိုင်ငံ၏ အမျိုးသားဉာဏ်ပညာလှုပ်ရှားမှု (National Wisdom Movement) ခေါင်းဆောင် အီရတ်နိုင်ငံ၏ နိုင်ငံရေး နှင့် ဘာသာရေး ခေါင်းဆောင် H.I ဆယက်ဒ် အမာရ်ဟကီးမ် က အီရတ်ပြည်သူများအား အာဇာနည်ခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ ဈာပနအခမ်းအနားသို့ တခဲနက် တက်ရောက်ကြရန် တိုက်တွန်းထားပါတယ်။
အီရတ်အမျိုးသားဉာဏ်ပညာလှုပ်ရှားမှုမှ ထုတ်ပြန်သော ကြေညာချက်တွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော စုဝေးပွဲ၌ အီရတ်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခြင်းသည် ညီအစ်ကိုနိုင်ငံများဖြစ်ကြသည့် အီရန်နှင့် အီရတ်တို့အကြား စည်းလုံးညီညွတ်မှု၊ သစ္စာရှိမှုနှင့် နက်ရှိုင်းသော ဆက်ဆံရေးတို့၏ သင်္ကေတတစ်ခု ဖြစ်လိမ့်မည်ဟု ဖော်ပြထားပါတယ်။
သူက ဆက်လက်၍ အာဇာနည်ခေါင်းဆောင်ကြီး ၏ ဈာပနတွင် တခဲနက် ပါဝင်ခြင်းသည် အာဇာနည် ခေါင်းဆောင်ကြီး အား ဂုဏ်ပြုခြင်းသက်သက်သာ မဟုတ်ဘဲ နှစ်နိုင်ငံ ပြည်သူများအကြား ခိုင်မာသော ဆက်ဆံရေးနှင့် ဘုံတန်ဖိုးများကို ရှင်းလင်းစွာ ဖော်ပြခြင်းလည်း ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment