အီရန်၊အီရတ်
-
နဂျဖီများ ၏ ဓားရှည်များ နှင့်ပြုလုပ်သည့် အဇါဒါရီ ၊ ကွမ်းမြို့ ။ ။ Photos
အဗ်နာ ။ ။ မုဟရမ်လ၏ ပထမဆယ်ရက်အတွင်း၊ ငါးရက်မြောက်ညမှ ခုနစ်ရက်မြောက်ညအထိ အီရန်နိုင်ငံ ကွမ်းမြို့တွင် နေထိုင်သော နဂျဖီမြို့သားများ၏ "မတ်ရှ်ကေ ရှမ်ရှီး ခေါ် ဓားရှည်များ ဣှင့် ပြုလုပ်ကြသည့် ရိုးရာ လှည့်လည်မှု အဇါဒါရီ ကို နဂျဖီအေမာမ်ဘာရာ မှ စတင်ပြီး ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ရောင်ဇာတော် အထိ ပြုလုပ်ကြပါတယ်။ ဤ ဓားရှည်များ နှင့်ပြုလုပ်သည့် အဇါဒါရီ သည် ရှေးဟောင်းဝမ်းနည်းပူဆွေးခြင်း ထုံးတမ်းစဉ်လာများထဲမှ တစ်ခုဖြစ်ပါတယ်။ အကြောင်း မှာ သမိုင်းဝင်ဖြစ်ရပ်များအရ အာရှူရာညတွင် ဟဘီဗ်ဗင်န် မဇွာဟေရ် အစဒ်ဒီ (အ.စ) ၊ ဟဇရသ် အဘူလ်ဖွဇ် လေအဘာစ် (အ.စ) နှင့် အပေါင်းအပါအဖွဲ့တစ်ဖွဲ့သည် ဟဇရသ် ဇိုင်နဗ် (စ.အ) အား နှစ်သိမ့်ရန် နှင့် အေမာမ် ဟိုစိုင်းန်(အ.စ) အား ကာကွယ်ရန် အသင့်ဖြစ်နေပြီဟု ဓားရှည်များကိုင်ဆောင်၍ ကြေညာရန် သခင်မကြီး တဲနန်း ရှေ့သို့ ရောက်ရှိလာခဲ့ကြပြီး သစ္စာပြုခဲ့ကြပါတယ်။ ဤထုံးတမ်းစဉ်လာသည် ယနေ့ခေတ်တွင် အမှန်တရားကို ထောက်ခံသူများအတွက် ရိုးရာဓလေ့တစ်ခု ဖြစ်လာခဲ့ပါတယ်။
-
မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်ခ် အစ်ဟာက် ဖယာဆ် နဂျဖီ အတွက် မဂျ်လစ် ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်ခ် အစ်ဟာက် ဖယာဆ် နဂျဖီ အတွက် မဂျ်လစ် အား ဇွန်လ ၁၂ရက်နေ့ ၂၀၂၆ ခုနှစ် ညနေ ပိုင်းတွင် ဟဇရသ် မအ်စူမဟ် ကွမ်း (စ.အ) ရောင်ဇာတော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) ကျောင်းဆောင် တွင် ပြုလုပ်ခဲ့ပါတယ်။
-
ဂါဇာ၏ မျှော်လင့်ချက်သည် အီရန်ဖြစ်ပြီး အာရပ်ကမ္ဘာက မလုပ်ဆောင်နိုင်သည်ကို အီရန်က ခြေမှုန်းပြခဲ့ သည် ဟု H.I ဆယက်ဒ်ဟာာရှင်မ်အလ်ဟိုင်ဒဲရ်ရီပြောကြား
အီရတ်နိုင်ငံ အဲဟ်ဒွလ္လာဟ် (Ahdullah) လှုပ်ရှားမှုအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟာာရှင်မ်အလ်ဟိုင်ဒဲရ်ရီ က လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ အီရန်နိုင်ငံ၏ အခန်း ကဏ္ဍကို ချီးကျူး ပြောကြား ခဲ့ပါတယ်။
-
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး
ဟောင်ဇေအေလ်မီယေနဂျဖ် သည် မရ်ဟွန်မ် အာယာသွလ္လာဟ် ရှိက်ခ် ဖယာဆ် နဂျဖီ ၏ ကောင်းချီး မင်္ဂလာများ ကို ဘယ်တော့မှ မေ့ပျောက်မည်မဟုတ်ကြောင်း မိန့်ကြား
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီးသည် နဂျဖ်ဖေအရှ်ရဖ် မြို့တွင် သီတင်းသုံး နေထိုင်ခဲ့သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်ခ် အစ်ဟာက် ဖယာဆ် နဂျဖီ ကွယ်လွန်မှု အတွက် ဝမ်းနည်းကြောင်း မိန့် ကြားခဲ့ပါတယ်။
-
အီရတ်လူမျိုးစုများက နဂျဖ် နှင့် ကရ်ဗလာ တွင် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ရုပ်အလောင်း ကို မြှုပ်နှံရန် တောင်းဆို
အီရတ် “ရူဝါရှစ်” လူမျိုးစုမှ ခေါင်းဆောင်များနှင့် ရှိက်ခ် အဖွဲ့တစ်ဖွဲ့သည် ဘဂ္ဂဒက်ရှိ အီရန်အစ္စလာမ်သမ္မမစ် ပြည်သူ့ တနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
-
ရမ်ဒွါန်စစ်ပွဲ၏ အီရန်နိုင်ငံသားများကို ကူညီရန် အေမာမ်အလီ (အ.စ) ရောင်ဇာတော်မြတ် ၏ အစီအစဉ်
အေမာမ်အလီ (အ.စ) ရောင်ဇာတော်မြတ် သည် ရမ်ဒွါန်စစ်ပွဲ၏ အီရန်နိုင်ငံသားများကို ကူညီရန် လှုပ်ရှားမှု တစ်ခု စတင်ရန် နှင့် အစီအစဉ်တစ်ခု စတင်ရန် ပြင်ဆင်နေပါတယ်။
-
မီနဗ်ကျောင်းမှ အာဇာနည်များ၏ မိသားစုများသည် အေမာမ်မှိုင်းနေ ကာဇမှိုင်း(အ.စ) ၏ ရောင်ဇာတော် သို့ သွားရောက် ဇေယာရသ်ပြု ။ ။ Photos
အဗ်နာ ။ ။ မီနဗ် ရှိ ရှဂျရေဟ်သွယေဗဟ် ကျောင်းမှ အာဇာနည်များ၏ မိသားစုများသည် ဘဂ္ဂဒက်သို့ ဇေယာရသ် ခရီးစဥ် အတွင်း အေမာမ်မှိုင်းနေ ကာဇမှိုင်း(အ.စ) ၏ ရောင်ဇာတော် သို့ သွားရောက် ဇေယာရသ်ပြုခဲ့ကြပါတယ်။
-
အီရတ်နိုင်ငံရှိ ဟိုစိုင်းန်နီ ဝန်ဆောင်မှု တပ်ဖွဲ့များသည် ပြင်ပကျူးကျော်မှုများအပေါ် အီရန်ကို အပြည့်အဝ ထောက်ခံ ကြောင်း အလေးပေးပြောကြား
အီရတ်ရှိ ဟိုစိုင်းန်နီ ဝန်ဆောင်မှု တပ်ဖွဲ့များက အမေရိကန် နှင့် အစ္စရေးတို့က အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအပေါ် မကြာသေးမီက ပြုလုပ်ခဲ့သော ကျူးကျော်မှုများကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ ခဲ့ကြ ပါတယ်။
-
အီရတ်နိုင်ငံမှ လူမှုအသိုင်းအဝိုင်း မျိုးစုံ သည် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်ရုံး သို့ သွားရောက်၍ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြော
အဗ်နာ ။ ။ အီရတ်နိုင်ငံရှိ လူမှုအသိုင်းအဝိုင်းအစုံ မှ ပြည်သူများ၊ နဂျဖ်မြို့ရှိ ဟောင်ဇေအေလ်မီယေ မှ ဆရာများ နှင့် ကျောင်းသား များအပါအဝင် ထင်ရှားသော ပုဂ္ဂိုလ်များ၊ အီရတ်နိုင်ငံ နဂျဖ်ဖေ အရှ်ရဖ် မြို့ ရှိ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်ရုံးသို့ သွားရောက်၍ ဝမ်းနည်းကြောင်း နှင့် နှစ်သိမ့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ဤလာရောက် ပြောဆိုသူများကြားတွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ သားကြီး H.I ဆယက်ဒ် မိုဟမ္မဒ်ရေဇာ စစ်သာနီလည်း ပါဝင်ကြောင်းသိရပါတယ်။
-
အီရန် နှင့် အီရတ်နိုင်ငံခြားရေးဝန်ကြီးများ အကြား တိုင်ပင်ဆွေးနွေးမှုများ ၏ အဓိကအချက်အချာမှာ နျူက လီးယား ဆွေးနွေးပွဲများဖြစ်
အီရတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းခေါ်ဆိုမှုတစ်ခုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်နှင့် အမေရိကန် နျူက လီးယား ဆွေးနွေးပွဲများ၏ တိုးတက်မှုအခြေအနေကို ရှင်းပြခဲ့ပါတယ်။
-
အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော် တွင် ပြုလုပ်ခဲ့သည့် အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ ၏ စျာပနာ ပုံရိပ်များ ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ညီ ဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ ၏ ဇန်နဝါရီလ ၂၀ ရက်နေ့ အီရတ်နိုင်ငံ နဂျာဖ်မြို့ ရှိ အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော် တွင် ပြုလုပ်ခဲ့သည့် စျာပန ပုံရိပ်များဖြစ်ပါတယ်။
-
အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ ၏ စျာပနာ ပုံရိပ်များ ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ညီ ဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ ၏ ဇန်နဝါရီလ ၁၈ ရက်နေ့ ကွမ်းမြို့ တွင် ပြုလုပ်ခဲ့သည့် စျာပန ပုံရိပ်များဖြစ်ပါတယ်။
-
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ညီတော် အလ္လာဟ့် အမိန့်ခံယူ
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ညီ ဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ သည် အလ္လာဟ့် အမိန့်ခံယူ သွားကြောင်း သိရှိပါတယ်။
-
အီရတ် နိုင်ငံအနေဖြင့် မိမိ အိမ်နီးချင်းနိုင်ငံ များ ၏ မြေကို ကျူးကျော် တိုက်ခိုက်ဖို့ ခွင့်ပြုမည် မဟုတ် ကြောင်းပြောကြား
အီရတ် နိုင်ငံ တာဝန်ရှိသူများက မိမိတို့နိုင်ငံ၏ နယ်မြေကို အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ အလေးထား ပြောကြားခဲ့ပါတယ်။
-
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ ပေးပို့
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ဇနီး အလ္လာဟ်အမိန့်တော် ခံယူသွားသည့် အတွက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က ဝမ်းနည်းကြောင်းသဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။