၁၈ ဇန်နဝါရီ ၂၀၂၆ - ၁၀:၂၄
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ညီတော် အလ္လာဟ့် အမိန့်ခံယူ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ညီ ဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ သည် အလ္လာဟ့် အမိန့်ခံယူ သွားကြောင်း သိရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှီအဟ် လောက ၏ အကျော်အမော် မရ်ဂျအ် တော် တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏  ညီ ဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ်  ဟာဒီ စစ်သာနီ   သည် အီရန် နိုင်ငံ  မြို့တော် တီဟီရန် မြို့ တွင် အလ္လာဟ့် အမိန့်ခံယူ သွားကြောင်း  ဝမ်းနည်းစွာ သိရှိပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ်  ဟာဒီ စစ်သာနီ   သည် အချိန်အနည်းငယ်ကြာ ရောဂါဝေဒနာခံစား ရပြီးနောက် တီဟီရန်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေစဉ် အလ္လာဟ့် အမိန့်တော် ခံယူသွားခြင်း ဖြစ်ပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ်  ဟာဒီ စစ်သာနီ သည်   ဟောင်ဇေအေလ်မီယေ ၏ ထင်ရှား ကျော်ကြား သော  သာသနာ့ပညာရှင်ကြီး များ မှ တစ်ပါးဖြစ်ပြီး  မိမိ ၏ဘဝတစ်လျှောက်လုံးကို အစ္စလာမ် ၏ အတွေး အခေါ်များကို ပြန့်ပွားစေခဲ့ပြီး  ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အနွယ်တော်မွန် အဲဟ်လေ့ ဘိုက်(သ) (အ.စ)  ကျောင်းတော် (ရှီအဟ် အေမာမ်မီယဟ်) ကို  အလုပ်အကျွေး ပြုခဲ့သူ ဖြစ်ပါတယ်။

အီရတ်သမ္မတ၊ အီရတ်ဝန်ကြီးချုပ်နှင့် လက်ဘနွန်ပါလီမန်ဥက္ကဋ္ဌတို့သည် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ကာ  အာယာသွလ္လာဟ် ကြီး ၏ ညီ ဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ်  ဟာဒီ စစ်သာနီ   ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ်  ဟာဒီ စစ်သာနီ    ကို ကွမ်းမြို့တော် တွင် ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့   ဒေသစံတော်ချိန် ၃ နာရီတွင် ဒဖ်နာ မည် ဖြစ်ပြီး မဂ်ရိဗ် နှင့် အေရှာအ် နမာဇ် အပြီး ကွမ်းမြို့ ရှိ မတ်စ်ဂျစ်ဒ် ခဒီဂျဟ် (စ.အ) တွင် ကုရ်အာန်ခွါနီ နှင့် မဂျ်လစ်စေ အဇါ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha