အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာအရ ပါကစ္စတန်မီဒီယာများ၏ အစီရင်ခံစာများအရ၊ အဆိုပါသေဆုံးသွားသည့် အကြမ်းဖက် သမားများသည် ရဲကင်းစခန်းတစ်ခုကို တိုက်ခိုက်မှုနှင့် ရဲအရာရှိ မိုဟမ္မဒ် အီစ္စမာအီ ကို သတ်ဖြတ်မှု တို့တွင် ပါဝင်ပတ်သက်နေသူများဖြစ်ကြောင်း CTD သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ စစ်ဆင်ရေး အတွင်း အကြမ်းဖက်သမားများထံမှ ကလက်ရှ်နီကော့ သေနတ် ၆ လက်နှင့် လက်ပစ်ဗုံး ၃ လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသော အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ရန်အတွက် ရှာဖွေရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေကြောင်း CTD က ထုတ်ပြန်ထားပါတယ်။
အခြားတစ်ဖက်တွင်လည်း ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး မိုဟ်စင်နကဝီ က လိုဝါဒီး ဒေသတွင် အကြမ်းဖက် သမားများကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည့်အတွက် ခိုင်ဘာပက်တွန်ခွာ ရဲတပ်ဖွဲ့နှင့် CTD တို့ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဝန်ကြီး မိုဟ်စင် နကဝီ က “ခိုင်ဘာပက်တွန်ခွာ ရဲတပ်ဖွဲ့နှင့် CTD တို့၏ ရဲရင့်သော တပ်ဖွဲ့ဝင်များသည် ပြည်ပ အကြမ်းဖက်သမားများ၏ မသန့်ရှင်းသော ရည်ရွယ်ချက်များကို ပျက်ပြားသွားစေခဲ့သည်” ဟု ပြောကြား ခဲ့ပါတယ်။
ထို့အပြင် ၎င်းက CTD နှင့် ရဲတပ်ဖွဲ့မှ ရဲရင့်သော လူငယ်တပ်ဖွဲ့ဝင်များအတွက် နိုင်ငံတော်က ဂုဏ်ယူပါ ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment