အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
farsnews ၏ အစီရင်ခံစာအရအီရတ် စစ်ဘက်ဆိုင်ရာ စစ်ဦးစီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဆဗါဟွန်နိုအ်မန် က စနေနေ့မှာ အီရတ်ဟာ မိမိ၏ လေကြောင်း၊ မြေပြင်၊ရေပိုင်နက်များကို အိမ်နီးချင်းနိုင်ငံများကို တိုက်ခိုက်ဖို့ အသုံးပြုတာကို သဘောမတူကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။ ဆဗါဟွန်နိုအ်မန် က အီရတ်ဟာ တခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားပြီး ၎င်းနိုင်ငံများ၏ ပြည်တွင်းရေးမှာ လုံးဝ ပါဝင် စွက်ဖက် မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဘဂ္ဂဒက်ဟာ အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်မယ့် နေရာ မဖြစ်စေဖို့ ကတိပြုကြောင်း ပြောခဲ့ပါတယ်။
ဘဂ္ဂဒက်ရဲ့ သံတမန်ရေးရာ လုပ်ဆောင်မှုတွေဆက်အနေနဲ့ အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖူအဒ် ဟိုစိုင်းန် ဟာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ အပါအဝင် အီရန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တီဟီရန်ကို သွားရောက်မှာ ဖြစ်ပါတယ်။ အီရတ် နိုင်ငံခြားရေးဝန်ကြီးဟာ မနက်ဖြန် (တနင်္ဂနွေနေ့) မှာ အီရတ်က်ကျီ နှင့် တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။ ဤခရီးစဥ် သည် ဖူအဒ် ဟိုစိုင်းန် အတွက် အီရန် လက်ရှိ အစိုးရ နှင့် ပထမဆုံး တရားဝင် နှစ်နိုင်ငံခရီး စဉ်ဖြစ်ပါတယ်။ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ကလည်း ပြီးခဲ့တဲ့ အောက်တို ဘာလ (၂၀၂၃ ခုနှစ် ) မှာ အီရတ်ကို သွားရောက်ပြီး အီရတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။
အီရတ် ရှီအဟ် မဟာမိတ်ဘောင် အဖွဲ့ ကလည်း မိမိ တို့နိုင်ငံ၏ မြေကို တခြားနိုင်ငံများကို အထူးသဖြင့် အစ္စလာမ် မစ် ပြည်သူ့ သမ္မတနိုင်ငံ (အီရန်) ကို တိုက်ခိုက်ဖို့ အသုံးပြုတာကို သဘောမတူကြောင်း ကြေညာခဲ့ပါတယ်။ မဟာမိတ်ဘောင်က ဒေသတွင်း အကျပ်အတည်းတွေ ဖြေရှင်းဖို့ သံတမန်ရေးနှင့် နိုင်ငံ ရေး နည်းလမ်းတွေကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအဖွဲ့က အရှေ့အလယ်ပိုင်းဟာ စစ်ပွဲအသစ်ကို သည်းခံနိုင်စွမ်း မရှိတော့ဘူးလို့ သတိပေးခဲ့ပြီး အဲဒီလို ဖြစ်ပေါ်လာရင် ဒေသခံပြည်သူများ၏ ပြဿနာ များ ဟာ နှစ်ဆဖြစ်လာပြီး လုံခြုံရေးကို အန္တရာယ်ဖြစ်စေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
#သတင်းမှန်များကို အချိန်နှင့် တပြေးညီအများပြည်သူသိနိုင်ရန် မိမိတို့ အသုံးပြုသည့် Facebook / Telegram / Instagram /Twitter / Viber / Tiktok
စသည်တို့တွင် Share ပေးကြပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်။ ကြိုတင်ကျေးဇူးတင်ရှိပါတယ်။
.......................................................
END / 251
Your Comment