အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ ဖော်ပြချက်အရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ဇနီး အလ္လာဟ်အမိန့်တော် ခံယူသွား မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင် ထုတ်ပြန်ပါတယ်။ ဝမ်းနည်းကြောင်း သဝဏ်လွှာ ၏စာသားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဗစ်မေလ္လာဟ်ဟေရ်ရဟ်မာန်နေရ်ရဟီးမ်
ဟဇရသ် အာယာသွလ္လာဟ် အာဂါယေ အလ်ဟာဂျ် ဆယက်ဒ် အလီ စစ်သာနီ ( ဒါမသ်ဗရ်ကာသိုဟ် )
လူကြီးမင်း၏ ဇနီးဖြစ်သူ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း နှင့် ကွယ်လွန်သူအတွက် အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော် နှင့် မဂ်ဖေရသ် (ခွင့်လွှတ်ခြင်း ) များ ရရှိရန် ဆုတောင်းပေး ကြောင်း ပြော ကြား အပ်ပါသည်။
ဆယက်ဒ်အလီ ခါမေနာအီ
စက်တင်ဘာလ ၂၉ ရက်နေ့ ၊ ၂၀၂၅ ခုနှစ်
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment