အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်နှင့် ဆက်ဆံရေးရေးရာ ဒုတိယအကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ၊ ရေတပ် ဗိုလ်ချုပ်ကြီး ဟဘီဘွလ္လာဟ် စယာရီ က အင်္ဂါနေ့တွင် လက်နက် ကိုင်တပ်ဖွဲ့များ ၏ စွမ်းရည်နှင့် အသင့်ဖြစ်မှုအဆင့်ကို မီးမောင်းထိုးပြခဲ့ပြီး အီရန် လက်နက်ကိုင် တပ်ဖွဲ့များသည် အဆင့်အားလုံးတွင် အပြည့်အဝပြင်ဆင်ထားပြီး အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။
တပ်မတော်၏ တိုက်ခိုက်ရေးစွမ်းအားတွင် လူငယ်များ၏ အဓိကအခန်းကဏ္ဍကို မီးမောင်းထိုးပြရင်း ပြတ်သားသည့် စိတ်ပိုင်းဖြတ်မှု နှင့် ကြိုးစားအားထုတ်သော လူငယ်များသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်မှန်သော အခြေခံအုတ်မြစ်ဖြစ်ကြောင်း စစ်မြေပြင်တွင် လူငယ်တပ်ဖွဲ့များ၏ ထိရောက်မှုသည် သက်သေပြနိုင်သောအချက်ဖြစ်ပြီး ၎င်း၏ ထင်ရှားသော ဥပမာတစ်ခုမှာ သန့်ရှင်းသောနိုင်ငံတော် ကာကွယ်ရေး (အီရန်၊ အီရတ်စစ်) အတွင်း ၎င်းတို့၏ သမိုင်းဝင်မှု နှင့် ထူးချွန်သော စွမ်းဆောင်ရည်ပိုင်ရှင်များဖြစ်ကြောင်း ကို ဗိုလ်ချုပ်ကြီး ဟဘီဘွလ္လာဟ် စယာရီ ပြောကြားခဲ့ပါတယ်။
ယနေ့ခေတ်တပ်ဖွဲ့များသည် မိမိ တို့၏တာဝန်များကို ပြတ်သားသည့် စိတ်ဓာတ်ဖြင့် ထမ်းဆောင်နေကြပြီး ယခုအခါ ခေတ်မီလေ့ကျင့်မှု နှင့် ခေတ်မီပစ္စည်းများဖြင့်လည်း တပ်ဆင်ထားပြီးဖြစ်သောကြောင့် တာဝန်ဝတ္တရား များကို ထိရောက်စွာ ထမ်းဆောင်နေကြသည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမေရိကန်နှင့် အစ္စရေးအစိုးရများက အီရန်နိုင်ငံအပေါ် ၁၂ ရက်ကြာစစ်ပွဲနှင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူများ၏ ခုခံမှုကို ရည်ညွှန်း၍ ရေတပ်ဗိုလ်ချုပ်ကြီး ဟဘီဘွလ္လာဟ် စယာရီ က ကာကွယ် ရေးပြင်ဆင်မှု သည် စဉ်ဆက်မပြတ်လုပ်ဆောင်နေသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး မည်သည့်အဆင့်တွင်မျှ အားနည်း သွားခြင်း မရှိ ကြောင်း ပြောကြားခဲ့ပါတယ်။
သတိပြုရမည့် အချက်မှာ အမေရိကန် နှင့် အစ္စရေးသည် အီရန် နိုင်ငံသားများ အပေါ် စိတ်ဓာတ် စစ်ဆင်ရေးပြုနေပြီး အီရန် အား ၇၂ နာရီ အတွင်း တိုက်မည် ဟု ကြောက်ကြောက် နှင့် ခြိမ်းခြောက်ထားခြင်း ဖြစ်ပါတယ်။ ဤအမှားကို ၉၉ ရာခိုင်နှုန်း အစ္စရေး နှင့် အမေရိကန် လုပ်ကြမည် မဟုတ်ဟုလည်း မျှော်လင့် မိပါတယ်။ အကြောင်း မှာ အမေရိကန် က အီရန် နှင့် ညှိနှိုင်းစေ့စပ် ဆွေးနွေးမှုကို ပြုလုပ်နေချိန် အစ္စရေး မှ အငြိုက်ဖမ်း၍ အီရန် ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အီရန် မှ ပြန်၍ အဖြေပေး ခုခံ တိုက်ခိုက် ခဲ့ရာ ၁၂ရက်နှင့် အစ္စရေး အထိနာပြီး စစ်ပြေငြိမ်းခိုင်းခဲ့ရပြီး ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment