၈ ဇန်နဝါရီ ၂၀၂၆ - ၁၁:၅၄
အမေရိကန် နိုင်ငံ ဆော့လိတ်စီးတီးတွင် ပစ်ခတ်မှုဖြစ်ပွား ၊ ၂ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရရှိ

အမေရိကန်ပြည်ထောင်စု ဆော့လိတ်စီးတီး တွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Dailyausaf သတင်းဌာန နှင့် နိုင်ငံခြားသတင်းဌာနများ၏ အစီရင်ခံစာအရ အဆိုပါဖြစ်ရပ်သည် မြို့တွင်းရှိ ခရစ်ယာန် ဘုရားကျောင်းအနီးတွင် ဖြစ်ပွားခဲ့ပြီး ထိုဒေသတွင် ထိတ်လန့်မှုများ ပျံ့နှံ့သွားခဲ့ပါတယ် ။ မီဒီယာများ၏ ဖော်ပြချက်အရ ပစ်ခတ်မှုအတွင်း လူ ၈ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ်ရသော အခြေ အနေကြောင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဖြစ်ပါတယ်။

ဆော့လိတ်စီးတီးရဲဌာနက ပစ်ခတ်မှုတွင် သံသယရှိသူ ထွက်ပြေးလွတ်မြောက်သွားကြောင်း အတည်ပြုခဲ့ ပြောကြား ခဲ့ပါတယ်။ ရဲများသည် အခင်းဖြစ်ပွားရာနေရာသို့ တပ်ဖွဲ့ဝင်အများအပြား စေလွှတ်ထားပြီး စုံစမ်း စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

အာဏာပိုင်များက ဒေသခံများအား စုံစမ်းစစ်ဆေးမှုများ အနှောင့်အယှက်မရှိ ဆက်လက်လုပ် ဆောင်နိုင်စေရန် အတွက် ထိုနေရာသို့ ရှောင်ရှားရန် တောင်းဆိုထားပါတယ်။ သေနတ်သမား၏ အမည် သို့မဟုတ် ၎င်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ နောက်ထပ် အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိ သေးကြောင်း သိရှိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha