အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အရ်ဗအီးန် ဟိုစိုင်းန်နီ အထိမ်းအမှတ်နေ့ နီးကပ်လာချိန်တွင် ဘာရိန်းအစိုးရကို ဆန့်ကျင်သူများက ဘာရိန်း အာဏာပိုင်များသည် ကျယ်ပြန့်သော ကန့်သတ်ချက်များကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး နိုင်ငံသား ထောင်ပေါင်း များ စွာအား အီရတ်နိုင်ငံ ကရ်ဗလာ မြို့သို့ သွားရောက်ခြင်းနှင့် အီရန်နိုင်ငံရှိ သန့်ရှင်းမြင့်မြတ်သော နေရာများသို့ ဇေယာရသ် သွားရောက်ခြင်းတို့ကို တားဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။
ယင်းသတင်းအရ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့မှ စတင်အကောင်အထည်ဖော်ခဲ့သည့် ခရီးသွားလာခွင့် ပိတ်ပင်မှု သည် ရှီအဟ် မွတ်စလင် နိုင်ငံသားများကို တိုက်ရိုက်ပစ်မှတ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏ ဘာသာရေး အခမ်းအနားများ နှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အစဉ်အလာများကို ဆောင်ရွက်ခွင့်မရစေရန် တားဆီး ထားခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် ဘာရိန်းအစိုးရက ယင်းကန့်သတ်ချက်များအတွက် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များကို ကိုးကားပြောဆိုနေသော်လည်း ယင်းအကြောင်းပြချက်များမှာ ယုံကြည်ဖွယ်မရှိကြောင်းလည်း သတင်းတွင် ဖော်ပြထားပါတယ်။ အကြောင်းမှာ အခြား ပင်လယ်ကွေ့ဒေသနိုင်ငံများသည် ယင်းခရီးစဉ်များသို့ လေကြောင်း ခရီးစဉ်များ ကို ပုံမှန်အတိုင်း၊ မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ ဆက်လက်ပြေးဆွဲနေကြသောကြောင့် ဖြစ်ပါ တယ်။
ဘာရိန်းအစိုးရကို ဝေဖန်သူများက ယင်းလုပ်ရပ်သည် နိုင်ငံရေးနှင့် ဘာသာရေးဂိုဏ်းကွဲအခြေခံ ရည်ရွယ် ချက်များ ဖြင့် ဆုံးဖြတ်ချက်ချထားခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပြီး၊ ထိုကဲ့သို့သော မူဝါဒများကို ဆက်လက် ကျင့်သုံး နေခြင်းသည် ဘာသာရေးလွတ်လပ်ခွင့်နှင့် သန့်ရှင်းမြင့်မြတ်သော နေရာများသို့ ဇေယာရသ် သွားရောက်ခွင့် အပေါ် နိုင်ငံသားများ၏ အခွင့်အရေးကို ဆက်လက်ကန့်သတ်ထားကြောင်း ပြသနေသည်ဟု ယူဆကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment