အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews၏အစီရင်ခံစာအရ ကွမ်းမြို့ရှိ ကွတ်ဒ်စ်မိုဆွလာ သောကြာနမာဇ်ရှေ့ဆောင်ဆရာ အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီက အာဇာနည်ခေါင်းဆောင်ကြီး နှင့် ၎င်း၏မိသားစု၏ ဈာပနအခမ်းအနားသည် နာမ်ပိုင်းဆိုင် ရာနှင့် အစ္စလာမ်မစ် တော်လှန်ရေးခရီးတစ်ခုဖြစ်ပြီး အစ္စလာမ်တော်လှန်ရေး၏ အခြေခံမူများကို ပြန်လည်ဆန်းသစ်ခြင်းနှင့် ပြည်သူများ၏ သစ္စာစောင့်သိမှုကို ဖော်ပြခြင်းဖြစ်သည်ဟုမိန့်ကြားခဲ့ပါတယ်။
တီဟီရန်မှာ ကျင်းပတဲ့ ဈာပနအခမ်းအနားဟာ အာဇာနည်ခေါင်းဆောင်ကြီး ဟာ ပြည်သူတွေကြားမှာ အမြဲရှိ နေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ခေါင်းဆောင်ကြီး၏ ကွမ်းမြို့ကို ရောက်ရှိလာခြင်းဟာ တော်လှန်ရေး၏ နာမ်ပိုင်းဆိုင် ရာ အမြစ်များ ဟဇရသ် ဖွာတွေမဟ် (စ.အ) ရောင်ဇာတော် နှင့် ဂျမ်ကရာန် ဗလီဝတ်ကျောင်းတော် ၏ ပြန်လည်နိုးကြားလာမှုတစ်ခုဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အီရတ်နိုင်ငံတွင် အာဇာနည်ခေါင်းဆောင်ကြီး၏ ဈာပနအခမ်းအနားဟာ ကြံ့ကြံ့ခံ ခုခံမှု၏ ဝင်ရိုးဟာ ပထဝီဝင်အနေအထားမဟုတ်ဘဲ တီဟီရန်၊ ကွမ်းမြို့၊ နဂျဖ် ၊ ကရ်ဗလာ နှင့် မက်ရှ်ဟဒ် မြို့များကို စည်းလုံး စေ သည့် ယုံကြည်ခြင်း စည်းလုံးမှု၏ အမည်တစ်ခုဖြစ်ကြောင်း ကြေငြာချက်တစ်ရပ် ဖြစ်ပါတယ်။
အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီက မက်ရှ်ဟဒ် မှာ မြှုပ်နှံတာဟာ အေမာမ် ရေဇာ (အ.စ)ထံတော် ပြန်လည် ဝင်ရောက်ခစားခြင်း နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ခိုလှုံရာကို ပြန်လာခြင်း၏ သင်္ကေတ တစ်ခုဖြစ်တယ်လို့ မိန့် ကြားခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီး၏ မိသားစုနဲ့အတူ ဒီခရီးစဉ်မှာ အာရှူရာ၏ စတေးမှုများကို အမှတ်ရစေပြီး အစ္စလာမ်ခေါင်းဆောင်မှုဟာ အာဏာနဲ့ မပတ်သက်ဘဲ အမှန်တရားအတွက် စတေးခြင်းနဲ့ ပတ်သက်တယ်ဆိုတာကို ရန်သူကို ရှင်းရှင်းလင်းလင်း သတင်းစကား ပေးပို့ခဲ့တယ်လို့ အာယာသွလ္လာဟ် က ထပ်လောင်းမိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး အမေရိကန်ပြည်ထောင်စုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သူ့ရဲ့ အတိတ်ကာလဟာ ကတိကဝတ်တွေ ပျက်ပြယ်နေတာကြောင့် ယုံကြည်လို့မရဘူးလို့ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် မိမိ ၏တရားဝင်အခွင့်အရေးများကို ဘယ်တော့မှစွန့်လွှတ်မည်မဟုတ်ကြောင်းနှင့် ဖိနှိပ်မှုနှင့် မာနထောင်လွှားမှုကို ဦးညွှတ်မည်မဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ကွမ်းမြို့၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာက မိမိ ၏ပထမဆုံးတရားဒေသနာ ခွသ်ဗဟ် တွင် အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ဝမ်းနည်းပူဆွေးမှုသည် လူသားများအား ဘာသာရေးစိတ်ဓာတ်၊ ဖိနှိပ်မှုကို ဆန့်ကျင်ခြင်း၊ ဖိနှိပ်ခံရသူများကို ထောက်ခံခြင်းနှင့် ကောင်းမှုကို အားပေးခြင်းနှင့် မကောင်းမှုကို တားမြစ်ခြင်းတို့ကို လက်ရှိအခြေအနေများတွင် အစ္စလာမ်တော်လှန်ရေးခေါင်းဆောင်ကို လိုက်နာခြင်းသည် နိုင်ငံ၏ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်မှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အာမခံချက်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment