အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲဟ်ရ် သတင်းဌာန၏ ဖော်ပြချက်အရ ကုလသမဂ္ဂဆိုင်ရာ အီရန်၏ အမြဲတမ်းကိုယ်စားလှယ် အမီးရ် စအီးဒ် အီရ်ဝါနီ က အမေရိကန်၏ မကြာသေးမီက တိုက်ခိုက်မှုများနှင့် အပစ်အခတ်ရပ်စဲရေး၊ အစ္စလာမ်အာဘတ် နားလည်မှုစာချွန်လွှာ ချိုးဖောက်မှုတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
၎င်း၏စာတွင် အမေရိကန်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဆိုင်ရာ ကတိကဝတ်များကို ထပ်မံ၍ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ဆန့်ကျင်သော ကျယ်ပြန့်သည့် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး၊ အီရန်တောင်ပိုင်းဒေသ၊ အထူးသဖြင့် ဘူရှဲဟ်နှင့် ပင်လယ်ကွေ့ဒေသရှိ အီရန်ကျွန်းများစွာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အမီးရ် စအီးဒ် အီရ်ဝါနီ က ယင်းရန်လိုသည့် လုပ်ရပ်များသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် (၂)၊ ပုဒ်မခွဲ (၄) ကို ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်သကဲ့သို့၊ အစ္စလာမ်အာဘတ် နားလည်မှုစာချွန်လွှာ၏ ပထမအချက်ကိုလည်း ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက်အရ အမေရိကန်သည် အီရန်အပေါ် စစ်ရေးဆောင်ရွက်မှုအားလုံးကို မည်သည့် အခြေအနေမျိုးမှ မပါဘဲ ရပ်တန့်ရန်နှင့် အင်အား အသုံးပြုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကြဉ်ရန် ကတိပြုထားကြောင်း ၎င်းက ဆိုပါတယ်။
ထို့ပြင် အမေရိကန်သည် အဆိုပါ ကတိကဝတ်များကို အကြိမ်ကြိမ် ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့ခြင်းကြောင့် နားလည်မှုစာချွန်လွှာကို လက်တွေ့တွင် ငြင်းပယ်လိုက်သကဲ့သို့ ဖြစ်သွားပြီး၊ ထိုသို့ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဥပဒေရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အကျိုးဆက်များအတွက် နိုင်ငံတကာအဆင့်တွင် အပြည့်အဝ တာဝန်ယူရမည်မှာ အမေရိကန်သာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အီရန်ကိုယ်စားလှယ်၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် အီရန်တောင်ပိုင်းကို အမေရိကန်က တိုက်ခိုက်ခဲ့ရာ ဘန်ဒါအဘာစ် နှင့် ဘူရှဲဟ်မြို့များရှိ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် အီရန် လေတပ်နှင့် ရေတပ်မှ တပ်ဖွဲ့ဝင် (၈) ဦးသည် နိုင်ငံကို ကာကွယ်ရင်း ကျဆုံးခဲ့ကြောင်း သိရပါတယ်။
အမီးရ် စအီးဒ် အီရ်ဝါနီ က ၎င်း၏စာတွင် အီရန်နိုင်ငံသည် အဆိုပါ ကြီးလေးသော ရာဇဝတ်မှုများ၊ အမေရိကန်၏ ဆက်လက်ရန်လိုမှုများ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို ဆက်တိုက် ချိုးဖောက် နေမှုများ ကို အပြင်းထန်ဆုံး စကားလုံးများဖြင့် ရှုတ်ချကြောင်း အလေးပေး ဖော်ပြခဲ့ပါတယ်။
ထို့အပြင် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် အီရန်၏ အချုပ်အခြာအာဏာကို ဆန့်ကျင်၍ အင်အားအသုံးပြုနေခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ကြောင်းလည်း ဆိုပါတယ်။
လက်ရှိအခြေအနေ၏ အလွန်အမင်း စိုးရိမ်ဖွယ်ကောင်းမှုကို ထောက်ပြကာ အီရန်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီအား ၎င်းတို့၏ တာဝန်ဝတ္တရားများကို သတိပေးလိုက်ပြီး၊ အမေရိကန်၏ ရန်လိုသော လုပ်ရပ်များကို ရပ်တန့်စေရန်၊ ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းကို တားဆီးရန်နှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်မှုများအတွက် အမေရိကန်အား တာဝန်ခံစေရန် ချက်ချင်း၊ ထိရောက်ပြီး ပြတ်သားသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ပါတယ်။
စာ၏ နိဂုံးပိုင်းတွင် အမီးရ် စအီးဒ် အီရ်ဝါနီ က လုံခြုံရေးကောင်စီအနေဖြင့် အချိန်မီနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အမေရိကန်အနေဖြင့် ဥပဒေနှင့် မညီညွတ်သော အင်အား အသုံးပြုမှုများကို ပိုမိုလုပ်ဆောင်ရန် အားပေးသကဲ့သို့ ဖြစ်စေခဲ့ကြောင်း၊ ယင်းကြောင့် လုံခြုံရေးကောင်စီ၏ ယုံကြည်ကိုးစားမှု ထိခိုက်ခဲ့ရုံသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုလည်း အန္တရာယ် ကျရောက် စေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment